DVB Logo
Home
မြန်မာသတင်း
NLD တနင်္သာရီတိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်း ကွယ်လွန်
DVB
·
August 3, 2023
NLD တနင်္သာရီတိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်း ကွယ်လွန်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ ကနေ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းဟာ သြဂုတ် ၃ ရက် မနက်က ပြည်တွင်းမှာပဲ ရှောင်တိမ်းရင်း ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးအောင်ဝင်းမိသားစုနဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးက “ရှောင်တိမ်းရင်း ရဟန်းဝတ်နဲ့ ပျံလွန်တော်မူသွားတာပါ။ ပါးစောင်ကင်ဆာ နောက်ဆုံးအဆင့်ကို တနှစ်လောက် ခံစားလိုက်ရတယ်” လို့ ပြောပါတယ်။

ဦးအောင်ဝင်းဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရကာ အမျိုးသားလွှတ်တော်အမတ် ဖြစ်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ တနင်္သာရီတိုင်း လွှတ်တော်အမတ်အနေနဲ့ ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ အနိုင်ရခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ရှောင်တိမ်းခဲ့ရပါတယ်။

အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ၂ ကြိမ်စလုံးကို ဦးအောင်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ဝင်းရဲ့ စျာပနကိုတော့ သြဂုတ် ၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ လယ်ဆည်ဝန်ကြီး အပါအဝင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ၃ ဦး ရှောင်တိမ်းရင်း ကွယ်လွန်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013