
ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဆန်းဒါးလန်း ပရိသတ်ငယ်လေး ဘရက်ဒလီလိုဝရီရဲ့ ဓာတ်ပုံကို သုံးပြီး ကိုဗင်ထရီနဲ့ ဆန်းဒါးလန်းတို့ ပွဲစဉ်မှာ လှောင်ပြောင်ခဲ့တဲ့ ဗီဒီယို ပျံ့နှံခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက် ၁၄ နှစ်အရွယ် လူငယ်တယောက်ဟာ ရဲစခန်းမှာ ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ပါတယ်။
ဘရက်ဒလီဟာ ၂၀၁၇ ခုနှစ်မှာ အသက် ၆ နှစ်အရွယ်နဲ့ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ရသူ ဖြစ်ပါတယ်။
ကိုဗင်ထရီအသင်းကတော့ အခုလို ရိုင်းစိုင်းတဲ့ ပြုမူမှုကို လက်ခံမှာမဟုတ်ဘဲ သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို ထုတ်ပြန်ထားပါတယ်။
ဘရက်ဒလီရဲ့ မိခင်ဖြစ်သူ ဂျမ်းမားကလည်း ကင်ဆာနဲ့ ကွယ်လွန်သွားတဲ့ ကလေးကို လှောင်ပြောင်တာဟာ စနောက်တာမဟုတ်ဘဲ ရင်ကျိုးစရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သားဖြစ်သူကို မုန်းတီးမှုတွေ မပါဘဲ ချစ်ခြင်းမေတ္တာတွေနဲ့သာ အမှတ်ရစေချင်ကြောင်းလည်း မိခင်ဖြစ်သူက တောင်းဆိုသွားပါတယ်။











