DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၁ ဦး  မိုးဗြဲ PDF သို့ အလင်းဝင်
DVB
·
August 3, 2023
စစ်ကောင်စီတပ်သား ၁ ဦး  မိုးဗြဲ PDF သို့ အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ် လက်အောက်ခံ တပ်မ ၆၆ လက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ က တပ်သား မောင်တင်သိန်း (ကိုယ်ပိုင်အမှတ် တတ-၁၃၁၂၅၈) အသက် ၂၀ နှစ်ဟာ လက်နက် အပြည့်အစုံနဲ့ ကိုယ်လွတ်ရုန်း စွန့်ခွာထွက်‌ပြေးခဲ့ပြီး မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MBPDF B-01 (၁၀၀၁) တပ်ရင်းကို  ဇူလိုင် ၃ ရက်က ဝင်ရောက် ခိုလှုံလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို သတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယက် ခိုးယူမှုတွေကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စိတ်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးမှာ လိုအပ်လာပါက အာဏာရှင် စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ တပ်သား မောင်တင်သိန်းက ပြောပါတယ်။ 

“ကျနော့်ကို လူစိမ်းတယောက်က အလုပ်နဲ့ လစာကောင်းမယ့် နေရာကို ပို့ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျနော့်ကို ငွေ ၃ သိန်းပေးပြီး တပ်စုဆောင်းရေးထဲကို ခေါ်သွားပါတယ်။ သင်တန်းပြီးပြီးချင်း မိုးဗြဲဘက်ကို ရှေ့တန်းပို့ခံရပါတယ်။ မိုးဗြဲမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့လို့ရတယ်၊ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလို့ရတယ်၊ မြင်မြင်သမျှကို သတ်ပစ်လို့ရတယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်လို့ရတယ်လို့ အထက်က ညွှန်ကြားထားတာ ရှိခဲ့ပြီး မြေပြင်မှာလည်း လက်တွေ့ ကျနော် မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ထံခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီတော်လှန်ရေးမှာ လိုအပ်လာပါက အာဏာရှင် စကစကို ပြန်လည်တိုက်ခိုက်ဖို့ ကျနော့်အသက်ကို ပေးရဲပါတယ်။”

တော်လှန်ရေးကို နှစ်သက်လို့ အသက်စွန့်ပြီး ထွက်လာခဲ့တာဖြစ်ကြောင်းနဲ့ ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်ကို အသက်ရင်းပြီး ပြည်သူနဲ့အတူ ပူးပေါင်းပြီး အပြီးပိုင် တိုက်ထုတ်ချေမှုန်းသွားမယ်လို့လည်း တပ်သား မောင်တင်သိန်းက  ပြောပါတယ်။

Mobye People Defense Force မှ ပြန်ကြားရေးတာဝန်ခံတဦးက “CDM တပ်သား တင်သိန်းက လက်ရှိတော့ ကျနော်တို့တပ်ခွဲတခုမှာ ရဲဘော်တွေနဲ့ အတူတူနေနေပါတယ်။ တခြား ဆောင်ရွက်မှုမျိုးတော့ မရှိသေးပါဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလာသော CDM ရဲဘော် မောင်တင်သိန်းကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၁ တပ်ရင်း (MBPDF B-01) က ငွေကျပ်သိန်း ၂၀ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ကာ လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013