DVB Logo
Home
အားကစား
ဘိုင်ယန်တောင်ပံကစားသမား မာနေးကို ဆော်ဒီကလပ် အယ်လ်နာဆာ ခေါ်ယူ
DVB
·
August 2, 2023
Donate to DVB

ဆော်ဒီ နာမည်ကြီးကလပ် အယ်လ်နာဆာအသင်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာနေးကို ပေါင် ၂၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သြဂုတ် ၂ ရက် မနက်အစောပိုင်းမှာ တရားဝင် ကြေညာခဲ့ပါတယ်။

မာနေးဟာ အယ်လ်နာဆာအသင်းနဲ့ တနှစ်လုပ်ခ ပေါင် ၃၄ သန်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆာဒီယို မာနေးဟာ အယ်လ်နာဆာအသင်းမှာ အရင်က ပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဘရိုဇိုဗစ်၊ တယ်လစ်၊ အော်စပီနာတို့နဲ့ လက်တွဲသွားရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်နည်းပြ သောမတ်တူချယ်က “ကစားသမားတွေ ဝင်မယ်၊ ပြီးရင် ထွက်ခွာမယ်ဆိုတာ ထုံးတမ်းစဥ်လာလို ဖြစ်နေပါပြီ။ ကျနော်တို့ တူတူဖြတ်သန်းခဲ့ပြီးမှ လမ်းခွဲရတာ မကြိုက်နှစ်သက်ပါဘူး။ သူ အသင်းနဲ့ လမ်းခွဲရတာ နာကျင်ခံစားရတာကို ကျနော် နားလည်နိုင်ပါတယ်။ တခါတရံ လိုချင်တိုင်း ဖြစ်မလာပါဘူး။ အသင်းအတွက်ကော သူ့အတွက်ပါ ကောင်းဖို့ လမ်းခွဲခဲ့ရတာပါ” လို့ ပြောပါတယ်။

မာနေးဟာ အခုလို ကျရှုံးရတဲ့ပုံစံနဲ့ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာခဲ့ရတာ နာကျင်ခံစားရတယ်လို့ ဂျာမန်သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီမှာ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားပြီး ၁၂ ဂိုးသွင်းခဲ့ကာ ဘွန်ဒက်လီဂါ ချန်ပီယံဖလား ရရှိခဲ့ပေမဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

မာနေးဟာ သူ့ရဲ့ အကောင်းဆုံးကစားသမားဘဝကို လီဗာပူးအသင်းမှာ ဖြတ်သန်းခဲ့ပြီး ၂၆၉ ပွဲ ကစားကာ ဂိုး ၁၂၀ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံဖလား စတဲ့ ဆုဖလားမျိုးစုံ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013