DVB Logo
Home
အားကစား
ဥရုဂွေးဂန္ထဝင်ကစားသမား ဒီယေဂို ဂိုဒင် ဘောလုံးသမားဘဝမှ အနားယူ
DVB
·
July 31, 2023
ဥရုဂွေးဂန္ထဝင်ကစားသမား ဒီယေဂို ဂိုဒင် ဘောလုံးသမားဘဝမှ အနားယူ
Donate to DVB

ဥရုဂွေးလက်‌ေရွးစင်အသင်းနဲ့ အက်သလက်တီကိုတို့ရဲ့ ဂန္ထဝင် နောက်တန်းကစားသမား ဒီယေဂို ဂိုဒင်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ တရားဝင် ကြေညာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂိုဒင်ဟာ ဒီနေ့မနက်မှာ ဟူရာကန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်မှာ အာဂျင်တီးနားကလပ် ဗီလက်ဆာဖီးအတွက် နောက်ဆုံး ပါဝင်ကစားခဲ့တာပါ။

ဒီယေဂို ဂိုဒင်က “ကျနော် အနားယူဖို့ ဆုံးဖြတ်ချက်ချချင်နေတာ နည်းနည်းကြာနေပါပြီ။ မကြာသေးခင်ကမှ ကလေးအဖေဖြစ်ထားတဲ့အတွက် ကျနော့်မိသားစုအတွက် အချိန်ပေးချင်လို့ပါ။ ဒါပေ မဲ့ဒီလိုအနားယူဖို့ကို အချိန်အတော်ကြာ စဥ်းစားခဲ့ရတယ်” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဂိုဒင်ဟာ အက်သလက်တီကိုအသင်းမှာ ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိ ၉ နှစ်ကြာကစားခဲ့ပြီး ယူရိုပါလိဂ်ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေး ၂ ကြိမ်၊ ဥရောပစူပါဖလား ၃ ကြိမ်နဲ့ စပိန်စူပါဖလား ၁ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

အက်သလက်တီကိုအသင်းအတွက် အမှတ်အရဆုံးဖြစ်ရပ်မှာ ၂၀၁၄ ခုနှစ်က အမှတ်ပေးဖလား နောက်ဆုံးပွဲစဥ် ၃၈ မှာ ဘာစီလိုနာအသင်းကို ချေပဂိုးသွင်းပြီး ၁၈ နှစ်အတွင်း အက်သလက်တီကိုအသင်းကို ပထမဆုံး လာလီဂါဖလား ရရှိစေခဲ့ပါတယ်။

ဂိုဒင်ဟာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာပြီးနောက် အင်တာမီလန်၊ ကာဂလီယာရီ၊ ဘရာဇီးကလပ် မင်နဲရိုး၊ အာဂျင်တီးနားကလပ် ဗီလက်ဆာဖီးဇ်တို့မှာ ကစားခဲ့ပါတယ်။

ဥ​ရုဂွေးအသင်းခေါင်းဆောင် ဂိုဒင်ဟာ ဥ​ရုဂွေးလက်ရွေးစင်အသင်းအတွက် ၁၄၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ၂၀၁၁ ကိုပါအမေရိကချန်ပီယံနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား စတုတ္ထဆုတို့ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013