DVB Logo
Home
နိုင်ငံတကာ
ချဒ်နိုင်ငံ ဒုက္ခသည်စခန်းတွင် ရေပြတ်လပ် 
DVB
·
July 31, 2023
ချဒ်နိုင်ငံ ဒုက္ခသည်စခန်းတွင် ရေပြတ်လပ် 
Donate to DVB

ချဒ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အပူချိန် မြင့်မားနေပြီး ရေပြတ်လပ်နေလို့ ရာနဲ့ချီတဲ့ ဆူဒန် နိုင်ငံသား ဒုက္ခသည်တွေ အခက်တွေ့နေပါတယ်။

ဆူဒန်ဒုက္ခသည်တွေဟာ သူတို့ရဲ့  ရေပုံးတွေကို ရေဖြည့်ဖို့အတွက် အချိန် ၆ နာရီလောက် အထိ တန်းစီနေရတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

သောက်သုံးဖို့ ရေနည်းနည်းသာ သုံးနိုင်လို့ အိမ်သာတွေက ပိုဆိုးလာတဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ 

မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ အပူလှိုင်းနဲ့ မကြုံစဖူး မြင့်မားတဲ့ အပူချိန်ကြောင့် ချဒ်-ဆူဒန် နယ်စပ်က  ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေ ပိုအခက်တွေ့နေ တာပါ။

ဆူဒန်နိုင်ငံထဲက ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဒါဖာမှာရှိတဲ့ အာရပ်ပြည်သူ့ စစ်တွေနဲ့ အမြန်ထောက်ပံ့ရေး တပ်ဖွဲ့ (RSF) တို့ လူမျိုးရေးအရ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတဲ့ အတွက် လူထောင်ပေါင်းများစွာ ချဒ်နိုင်ငံဆီ ထွက်ပြေးခဲ့ရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013