DVB Logo
Home
မြန်မာသတင်း
စားသောက်ကုန်များကို စစ်တပ်က သိမ်းယူနေသဖြင့် မြိုင်ပြည်သူများ အခက်တွေ့
DVB
·
July 31, 2023
စားသောက်ကုန်များကို စစ်တပ်က သိမ်းယူနေသဖြင့် မြိုင်ပြည်သူများ အခက်တွေ့
Donate to DVB

မကွေးတိုင်း၊ မြိုင်နယ်ကပြည်သူတွေသယ်ယူတဲ့ စားနပ်ရိက္ခာတွေကို စစ်တပ်က သိမ်းယူနေတာကြောင့် ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်ဟာ စားသောက်ကုန်ရိက္ခာအတွက် ပခုက္ကူမြို့ကို မှီခိုနေရတာဖြစ်ပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက PDF တွေဆီကို ရိက္ခာနဲ့ဆေးဝါး မရောက်နိုင်အောင်ဆိုပြီး ကြားဖြတ်သိမ်းယူနေတာပါ။

လတ်တလောမှာ ပခုက္ကူမြို့ကနေ ရွာတွေဘက်ထွက်တဲ့ကားတွေကို တခေါက်မှာ ဆန် ၆ ပြည်အိတ် ၅ လုံးထက် ပိုသယ်ခွင့်မပေးတော့ဘဲ စစ်ကောင်စီက ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူနယ်ခံ ပရဟိတသမားတယောက်က "ဂိတ်တွေအနေအထားမှာ အင်ပင်ဂိတ်မှာဆိုလို့ရှိရင် ပိုလာတဲ့ဆန်အိတ်တွေမှာ ချယူတဲ့အနေအထားတွေကို မျက်လုံးနဲ့မြင်ခဲ့ရတယ်ပေါ့။ ပြည်သူတွေ တအားရင်ဆိုင်နေရတယ်။ ခုနောက်ပိုင်းမှာ လုံလောက်မှု မရရှိနိုင်တဲ့အနေအထားကြောင့် တချို့သော ပြည်သူမိသားစုဝင်တွေမှာ ဆိုလို့ရှိရင် ဆန်ပြုတ်တောင် ပြုတ်သောက်ရတဲ့အနေအထားတခုကို မျက်စိနဲ့မြင်ခဲ့ရတယ်ပေါ့” လို့ ပြောပါတယ်။

ပြည်သူကအသိအမှတ်ပြုထားတဲ့ NUG ဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အကောင်းဆုံး ဘက်ပေါင်းစုံကနေ ဖြေရှင်းပေးစေချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့ ခန့်မှန်းခြေလူဦးရေ ၅ သန်းကျော်မှာ စစ်ဘေးသင့်ပြည်သူ ၇ သိန်း ၆ သောင်းကျော်၊ မကွေးတိုင်းခန့်မှန်းခြေလူဦးရေ ၄ သန်းနီးပါးမှာ စစ်ဘေးသင့်ပြည်သူ ၂ သိန်းနီးပါး၊ ချင်းပြည်နယ် ခန့်မှန်းခြေလူဦးရေ ၅ သိန်းမှာ စစ်ဘေးသင့်ပြည်သူ ၅ သောင်းကျော် အထိရှိနေတယ်လို့ စောင့်ကြည့်လေ့လာတဲ့ အရပ်ဖက်အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲနီးပါးကြာလာချိန်အထိ ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေက စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီကလုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုဘဲ ပိတ်ဆို့ တားဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013