DVB Logo
Home
မြန်မာသတင်း
ကျွန်းစုမြို့နယ်တွင် မွေးကင်းစကလေးအပါအဝင် ဒေသခံ ၁၅ ဦး ဖမ်းခံရ
DVB
·
July 30, 2023
ကျွန်းစုမြို့နယ်တွင် မွေးကင်းစကလေးအပါအဝင် ဒေသခံ ၁၅ ဦး ဖမ်းခံရ
1 / 2
Donate to DVB

မြိတ်ကနေ ကုန်ပစ္စည်းတွေဝယ်ပြီးပြန်လာတဲ့ ခရီးသည်လှေ ၁ စင်းကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လှေမှာပါလာတဲ့ မွေးကင်းစကလေးအပါအဝင် ခရီးသည်အားလုံးကိုဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူနဲ့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်က မြိတ်မြို့ကနေ ကုန်ပစ္စည်းတွေဝယ်ယူပြီး ဘဒ္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာကို ပြန်လာတဲ့အချိန် သဇင်ကျေးရွာ အနားရောက်တဲ့အခါမှာ  သဇင်ကျေးရွာရဲစခန်းကနေ ခေါ်ယူစစ်ဆေးခဲ့ပြီး‌တော့ ပြန်လွှတ်ပေးပြီးနောက် PDF‌ တွေပါလာတယ်လို့ စွပ်စွဲပြီး လှေပိုင်ရှင် လင်မယားအပါအဝင် ခရီးသည် ၁၅ ယောက်စလုံးကို ပြန်လည်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

 ဒေသခံတယောက်က “သူတို့က မြိတ်ကဆင်းလာတဲ့အချိန်မှာ ရဲစခန်းနေပြီးတော့ ခေါ်ယူစစ်ဆေးမေးမြန်းပြီးတော့ ပြန်လွှတ်တယ်။ အဲဒါ လှေထဲပြန်ဆင်းပြီး စက်နှိုးဖို့ လုပ်နေချိန်မှာ နောက်တခေါက်ပြန်ဖမ်းပြီး လုံးဝမလွှတ်တော့ဘူး။ က‌‌လေးတွေ နေမကောင်းတာတောင် ဆေးခန်းပြခွင့်မပေးဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ မွေးကင်းစအရွယ် ကလေး ၁ ယောက် အပါအဝင် ကျောင်းနေအရွယ်ကလေး ၂ ယောက်၊ အမျိုသမီး ၉ ယောက်နဲ့ အမျိုးသား ၃ ယောက်တို့ ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် စက်လှေမှာပါလာတဲ့ ကုန်ပစ္စည်းတွေအားလုံးကိုလည်း သိမ်းဆည်းလိုက်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံလိုက်ရတဲ့ ၁၅ ယောက်ထဲက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတချို့ကို သဇင်ကျေးရွာရဲစခန်းမှာ ရိုက်နှက်နှိပ်စက်ပြီး စစ်ဆေးခဲ့ပြီး နောက်တနေ့ ဇူလိုင် ၂၈ ရက်နေ့ ညနေအချိန်မှာ ကျွန်းစုမြို့နယ်ရဲစခန်းဆီကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျွန်းစုမြို့နယ်(ပ.က.ဖ)ပြန်ကြားရေးတာဝန်ခံက " သူတို့တွေက PDF တွေကို ထောက်ပံ့တာလည်းမဟုတ်ဘဲနဲ့ ဒီလိုမျိုး လက်လွတ်စပယ် ဖမ်းဆီးရိုက်နှက်တာမျိုး မဖြစ်သင့်ဘူး။ အခုက ဘိတ်ကနေ  တတ်နိုင်သလောက်ဝယ်ပြီး ရွာမှာ သူတို့စားဝတ်နေရေးအတွက် စျေးပြန်ရောင်းဖို့လာတာလေ။ ဒီလိုမျိုး တရားလက်လွတ် မဖမ်းသင့်ဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေကတော့ ရိုက်နှက်စစ်ဆေးတယ်လို့ သတင်းကြားရတာကြောင့် စိုးရိမ်ပူပန်နေရပြီး လက်ရှိအချိန်အထိ တွေ့ဆုံခွင့် မရတဲ့အတွက်လည်း စိတ်ပူနေရကြောင်းသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီရေတပ်သင်္ဘောကနေ ဖြတ်သွားဖြတ်လာ လှေငယ်တချို့ကရေလုပ်သားတွေကို ခေါ်ယူရိုက်နှက်တာမျိုး တွေအပြင် ဘဒ္ဒနဲ‌ကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အခါတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ပြည်သူတွေကို လူသားတံတိုင်းအနေနဲ့ အကာကွယ်ယူ အသုံးပြုတာတွေပါရှိတယ်လို့ ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013