DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၉၀ ကျော်အဖမ်းခံရ
DVB
·
January 30, 2023
ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၉၀ ကျော်အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ဇန်နဝါရီ ၂၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့  ကလေး၊ လူကြီးနဲ့ လမ်းပြ တဦးအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၉၄ ဦး အဖမ်းခံခဲ့ရတယ်လို့ Naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေရှိနေကြောင်း ကြိုတင်သတင်း ရထားချက်အရ နယ်မြေခံစစ်တပ်၊ ရဲ၊ ကျေးရွာလုံခြုံရေးတပ်၊ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၇ နာရီလောက်မှာတော့ ထောင်းဖာဖူးမြို့နယ်၊ ထာ့ခနွန်အုပ်စု၊ ဘန့်အူလောင်းကျေးရွာအနီး တောထဲမှာ ပုန်းအောင်းနေသူတွေ တွေ့ရှိကြောင်း၊ သူတို့ထဲမှာ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂၄ ဦး၊ ကလေး ၆ ဦး စုစုပေါင်း ၉၃ ဦးနဲ့ လမ်းပြအမျိုးသား ၁ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်စတဲ့ ဒေသကဖြစ်ပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ ရနောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ဖြစ်ကာ ပွဲစားခ ၁ ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ပေးရမယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ရောဂါ ကိုယ်အပူချိန်စစ်ဆေးပြီး လဝကဥပဒေနဲ့အရေးယူဖို့ ထောင်းဖာဖူးမြို့နယ် ရဲစန်းမှာခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။ 

Source- https://www.naewna.com/local/707530

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013