DVB Logo
Home
Lead Story
ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အနုပညာနဲ့ လူမှုရေးသိပ္ပံဘွဲ့ရတွေကို အရင်ကထက် ပိုလိုအပ်ပါတယ်
DVB
·
July 30, 2023
ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အနုပညာနဲ့ လူမှုရေးသိပ္ပံဘွဲ့ရတွေကို အရင်ကထက် ပိုလိုအပ်ပါတယ်
Donate to DVB

နယူးဇီလန်တက္ကသိုလ်ရဲ့ ရန်ပုံငွေ အကျပ်အတည်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း လက်လွှတ်လိုက်ရတဲ့ နယ်ပယ်တွေ များလာပါပြီ။ အဖွဲ့အစည်းဆိုင်ရာ ဖုံးကွယ်မှု နောက်ကွယ်မှာ ပညာရေးနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေဟာ တခြားပိုမိုလုံခြုံတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အတွက် တိတ်တဆိတ် ကူးပြောင်းနေကြပါတယ်။

အဆိုပြုထားတဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့တဲ့  နှစ်တွေအတွင်း နိုင်ငံတကာကျောင်းသား ဆုံးရှုံးတာ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပြည်တွင်းကျောင်းသားတွေအတွက်ပေးတဲ့ ထောက်ပံ့ကြေး သိသိသာသာ ကျဆင်းတာနဲ့ ယှဉ်ပြိုင်မှုကို အားပေးတဲ့ ရန်ပုံငွေ လျော့သွားတာတွေ ဖြစ်ပါတယ်။

ငွေကြေးမလုံလောက်တဲ့ သိပ္ပံဌာနတွေက နိုင်ငံရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ခြိမ်းခြောက်မှုရှိတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ လူသားပညာနဲ့ လူမှုရေးသိပ္ပံမှာ ဝန်ထမ်းတွေ ပိုများလာလို့ ဆုံးရှုံးရတဲ့ အရာကဝောာ့ သိပ်ပြီး တန်ဖိုးထားမှု နည်းပါးပါတယ်။

ဝေဖန်ပိုင်းခြားတွေးခေါ်ပါ။

အခြေခံအားဖြင့် လူမှုရေးသိပ္ပံနဲ့ လူသားပညာ ဘာသာရပ်တွေကို လေ့လာတာဟာ ကိုယ်ကိုယ်တိုင်၊ နေထိုင်တဲ့ လူ့အဖွဲ့အစည်း၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြား ဆက်စပ်မှုတွေကို နားလည်သဘောပေါက်နိုင်ပါတယ်။

အမှန်တကယ်တော့ “လူ့အဖွဲ့အစည်းရဲ့ ဝေဖန်ပိုင်းခြားမှုနဲ့ကြံဆမှု” ဖြစ်ဖို့ အထက်တန်း အဖွဲ့အစည်းတွေရဲ့ ဥပဒေအရ တာဝန်ရှိပါတယ်။ ဆိုလိုတာက လူတွေဟာ သူတို့ကိုယ်သူတို့ တွေးခေါ်နိုင်စေဖို့၊ ရရှိထားတဲ့ ပညာတွေကို စိန်ခေါ်ပြး ရာထူးအာဏာရှိသူတွေကို မေးခွန်းတွေ မေးဖို့ပါပဲ။

လက်တွေ့မှာ လူသားတွေနဲ့ လူမှုရေးသိပ္ပံတွေမှာ ပေးအပ်ထားတဲ့ အရည်အချင်းတွေနဲ့ စိတ်သဘောထားတွေ၊ ဝေဖန်ပိုင်းခြားနိုင်မှု၊ ရှုပ်ထွေးတဲ့ အချက်အလက်တွေကို စုစည်းပြီး ဆန့်ကျင်ဘက် အယူအဆတွေကို ဟန်ချက်ညီစွာ ဆုပ်ကိုင်ထားနိုင်မှုတွေဟာ ဒီနေ့ခေတ် လျှင်မြန်စွာပြောင်းလဲနေတဲ့ အလုပ်သမားစျေးကွက်မှာ အလွန်အသုံးဝင်ပါတယ်။

စီးပွားရေးနှင့် လူ့ပညာ

ခိုင်မာတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးလောကမှာတော့ ဒီလို ပညာရေးရဲ့တန်ဖိုးကို ပိုပြီး နားလည်လာပါတယ်။ နယူးဇီလန်မှာ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံတကာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ဘော့ဘ်ဂျုန်းစ်ဟာ စီးပွားရေးဘွဲ့ရတွေထက် အနုပညာဘွဲ့ရ‌ကို အလုပ်ခန့်တဲ့ ဦးစားပေးမှုကို ကာလရှည်ကြာစွာ လုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးခင်က Westpac Institutional Bank ရဲ့  စီအီးအိုဖြစ်သူ လင်းကိုဘလီက အနုပညာဘွဲ့တခုက ပေးစွမ်းနိုင်တဲ့ မတူကွဲပြားတဲ့ ကျွမ်းကျင်မှုမျိုး‌တွေက လိုအပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဘဏ်လုပ်ငန်းမှာ လိုအပ်တယ်လို့ တချိန်က ထင်ခဲ့တဲ့ အစဉ်အလာ ကျွမ်းကျင်မှုအပေါ်ကို အာရုံစိုက်တာမဟုတ်ဘဲ ငွေကြေးပုံစံ၊ စာရင်းကိုင်၊ ကူးသန်းရောင်းဝယ်ရေးမှာ အာရုံစိုက်ခြင်း မရှိ‌ပေမဲ့ ကွဲပြားတဲ့ တွေးခေါ်မှု၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်၊ ယဉ်ကျေးမှု အသိအမြင်၊ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်တွေက လိုပါတယ်။”

ဒဿနိကဘွဲ့ရပြီး အခု Morrison & Co ရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ကုမ္ပဏီရဲ့   စီအီးအို ဖြစ်သူ ပေါလ်နယူးဖီးလ်ဟာ မတူကွဲပြားတဲ့ အမြင်တွေနဲ့ နောက်ခံသမိုင်းကြောင်း‌က စီးပွားရေးမှာ အရေးကြီးတာကို သိသိသာသာ သတိပြုမိသူ ဖြစ်ပါတယ်။

တနည်းအားဖြင့် လုပ်ငန်းခွင်အလိုက် ကျွမ်းကျင်မှု‌တွေကို အလုပ်မှာ သင်ကြားနိုင်တယ်။ ဒါပေမဲ့ အနုပညာနယ်ပယ်မှာ ရခဲ့တဲ့ စိတ်တွေ၊ ကောင်းတဲ့ သွက်လက်တဲ့စိတ်တွေ ရှိတဲ့ စူးစမ်းချင်စိတ်ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်တဲ့အခါ အဲဒါက ပိုလွယ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများမရှိပါ။

လူသားပညာနဲ့ လူမှုရေးသိပ္ပံတွေမှာ မွေးမြူလေ့ကျင့်ထားတဲ့ အာရုံခံစားမှုစွမ်းရည်ကို အလုပ်ရှင်တွေက တန်ဖိုးထားကြပါတယ်။ အထူးသဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးရဲ့ ကျယ်ပြန့်တဲ့အခြေအနေမှာ သူတို့က ပိုလို့တောင် အရေးကြီးပါတယ်။

အလွန်ရှုပ်ထွေးတဲ့ ပြဿနာတွေဖြစ်တဲ့ ရာသီဥတုအကျပ်အတည်း၊ ဉာဏ်ရည်တုပေါ်ပေါက်ရေး၊ မဟုတ်မမှန် လုပ်ကြံသတင်းနဲ့ နိုင်ငံရေးအစွန်းရောက်မှု၊ လူမျိုးရေးနဲ့ ကျားမရေးရာ ခွဲခြားဆက်ဆံမှုနဲ့ လူမှုရေးမညီမျှမှုတွေဟာ နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှု‌နဲ့ လုံးလုံးလျားလျား လိုက်လျောညီထွေ မဖြစ်နိုင်ပါဘူး။

တခုချင်းစီဟာ အခြေခံအားဖြင့် လူသားတွေရဲ့ အပြုအမူ၊ ထိတွေ့ဆက်ဆံမှုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် တခုစီဟာ အနုပညာနယ်ပယ်မှာ မွေးမြူထားတဲ့ အလေ့အကျင့် အမျိုးအစားတွေ လိုအပ်ပါတယ်။ ဂရုတစိုက် တွေးခေါ်မှု၊ အေးဆေးစွာ တွေးခေါ်မှုနဲ့ အဓိပ္ပါယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု‌တွေလည်း လိုအပ်ပါတယ်။

အောက်လွှတ်တော်အမတ်နဲ့ ဗြိတိသျှအစိုးရရဲ့ သိပ္ပံပညာဆိုင်ရာ အကြံပေးအရာရှိချုပ် Royal Society ရဲ့ ဥက္ကဋ္ဌ ရောဘတ်မေက “လူ့အဖွဲ့အစည်းမှာ ရင်ဆိုင်နေရတဲ့ အဓိကပြဿနာ တော်တော်များများဟာ သိပ္ပံနဲ့ သင်္ချာနယ်ပယ်ရဲ့ အပြင်ဘက်မှာ ရှိတယ်လို့ ထင်ပါတယ်။ အဲဒါက ငါတို့ကို ကယ်တင်ဖို့ ငါတို့မှီခိုရမယ့် အပြုအမူဆိုင်ရာ ပညာရပ်တွေပဲ” လို့ ဆိုပါတယ်။

နယူးဇီလန်က တက္ကသိုလ်တွေမှာ အဆိုပါဘာသာရပ်တွေက ဝန်ထမ်းခန့်အပ်မှု လျှော့ချရေး အဆိုပြုထားမှုဟာ ဒီသဘောထားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ပြည်သူ့မူဝါဒ၊ လည်ပတ်နေတဲ့ ဒီမိုကရေစီနဲ့ လူမှုရေးစည်းလုံးညီညွတ်မှုတို့ဟာ ရေရှည်မှာ အရေးပါပါတယ်။

လူသားပညာနဲ့ လူမှုရေးသိပ္ပံရဲ့ စည်းမျဥ်းစည်းကမ်းတွေရဲ့ “တန်ဖိုး” နဲ့ ပတ်သက်တဲ့ ရှေးဟောင်းယူဆချက်တွေဟာ လျှော့ချဖို့ လိုအပ်ပါတယ်။ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအတွက် သူတို့ရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့ လိုပါတယ်။

ဘာသာပြန်သူ- လီလီ

Ref: The Conversation

( Theconversation.com ဝက်ဘ်ဆိုက်မှာ ဆောင်းပါးရှင် ပါမောက္ခ Richard Shaw ရေးသားထားတဲ့  “ A changing world needs arts and social science graduates more than ever – just ask business leaders” ဆောင်းပါးကို ဘာသာပြန်ဆိုရေးသားဖော်ပြသည်။ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013