
ခရိုအေးရှားနိုင်ငံ စီယိုဗိုကျွန်းမှာ ဇူလိုင် ၂၇ ရက်က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် မြေဧက ၄၀၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ ခရိုအေးရှား မီးသတ်တပ်ဖွဲ့မှူးက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်မှုဟာ မြန်မြန်ဆန်ဆန် ကူးစက်ခဲ့ပေမဲ့လည်း အခုတော့ ထိန်းချုပ်နိုင်ခဲ့ပြီး လူနေအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှူး စလာ့ဗ်ကို တူကာကိုဗစ်က ပြောပါတယ်။
အာဒရီယားတစ်ခ် ကမ်းရိုးတန်းရှိ နာမည်ကြီး ခရီးသွားနေရာ Split အနီးရှိ ကျွန်းငယ်လေးမှာ မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၁၀၀ ကျော်ကို ဖြန့်ကြက်ထားကြောင်းလည်း တူကာကိုဗစ်က ဆိုပါတယ်။
ဇူလိုင် ၂၅ ရက်က ခရိုအေးရှားရဲ့ ထိပ်တန်းခရီးသွားနေရာဖြစ်တဲ့ ဒူဘရို့ဗ်နစ်ခ်ရဲ့ ၁၂ ကီလိုမီတာအကွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် မီးတောက်တွေ ကျရောက်လာခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်မှာတော့ တောမီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
Source - Reuters










