DVB Logo
Home
အားကစား
စိန့်ဒန်းနစ်အိုးပင်းကြက်တောင်ပြိုင်ပွဲတွင် တောင်အာဖရိက​ကြက်တောင်မယ်ကို သက်ထားသူဇာ အနိုင်ရ
DVB
·
July 28, 2023
Donate to DVB

အာဖရိကတိုက်မှာရှိတဲ့ ပြင်သစ်ပိုင် စိန့်ဒန်းနစ်မြို့မှာ ဇူလိုင် ၂၇ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ “St Denis Reunion Open 2023” ပြိုင်ပွဲ ၃၂ သင်းအဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက တောင်အာဖရိကကြက်တောင်မယ် ဂျိုဟာနီတာကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၅၉ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၁၂၈ ရှိတဲ့ တောင်အာဖရိက ကြက်တောင်မယ်ကို ၂၁-၁၀၊ ၂၁-၁၈ နဲ့ အနိုင်ယူပြီး ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့အဆင့် ၁၁၇ ရှိတဲ့ ဂျပန်ကြက်တောင်မယ် ဟီနာအကီချီနဲ့ ဇူလိုင် ၂၈ ရက်မှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

သက်ထားသူဇာနဲ့ ၁၆ သင်းအဆင့်မှာ ယှဥ်ပြိုင်ရမယ့် ဂျပန်ကြက်တောင်မယ်ဟာ ဇူလိုင် ၂၀ မှ ၂၃ ရက်အတွင်း ကျင်းပခဲ့တဲ့ မောရစ်ရှကြက်တောင်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ သက်ထားသူဇာက တတိယကြေးတံဆိပ် ရရှိခဲ့ပါတယ်။

သက်ထားသူဇာဟာ ၂၀၂၄ ပဲရစ်အိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနိုင်ဖို့ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

“St Denis Reunion Open 2023” ပြိုင်ပွဲကို အာဖရိကကြက်တောင်အဖွဲ့ချုပ်နဲ့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) တို့က ပူးပေါင်းစီစဥ် ကျင်းပခဲ့တာဖြစ်ပြီး ဆုကြေးဒေါ်လာ ၂၅,၀၀၀ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013