DVB Logo
Home
အားကစား
မန်ယူပစ်မှတ်တိုက်စစ်မှူး ဟွိုက်လန်းကို ပီအက်စ်ဂျီအသင်း အပြိုင်ကမ်းလှမ်း
DVB
·
July 28, 2023
မန်ယူပစ်မှတ်တိုက်စစ်မှူး ဟွိုက်လန်းကို ပီအက်စ်ဂျီအသင်း အပြိုင်ကမ်းလှမ်း
Donate to DVB

မန်ယူအသင်းကခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ တိုက်စစ်မှူးဟွိုက်လန်းကို ပီအက်စ်ဂျီအသင်းကလည်း အပြိုင်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိ ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းဟာ မနှစ်ကရာသီမှာ အီတလီလပ် အက်တလန်တာမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူပါ။

မန်ယူအသင်းက ပေါင် ၄၂ ဒသမ ၈သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းမူလုပ် ဆောင်ခဲ့တယ်လို့သိရပါတယ်။

မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်မှာ ကနဦးပေါင် ၄၂ ဒသမ ၈ သန်းအပြင် ထပ်ဆောင်ပေးချေရနိုင်တဲ့ငွေကြေး ပေါင် ၈ သန်းခွဲ ပါဝင်တယ်လို့ သိရပါတယ်။

အက်တလန်တာ အသင်းဘက်က အနည်းဆုံးပေါင်သန်း ၆၀ ရရှိဖို့ အလိုရှိနေပြီး ပြောင်းရွှေ့ကြေးပိုပေးနိုင်မယ့်အသင်းကို ရောင်းချဖို့ရှိပါတယ်။

တစ်ဖက်မှာတော့ မန်ယူအသင်းက ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘော တူညီမှုရရှိထားတယ်လို့ သိရပြီး အက်တလန်တာအသင်းရဲ့  ဆုံးဖြတ်ချက်ကအရေးပါနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013