DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀ ခန့်အထိရှိလာပြီး သေဆုံးမှုမြင့်တက်
DVB
·
July 27, 2023
ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀ ခန့်အထိရှိလာပြီး သေဆုံးမှုမြင့်တက်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀ လောက်အထိ ရှိလာပြီး သေဆုံးမှုပါ မြင့်လာနေတယ်လို့  ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ဏိန်းဂဏန်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၂၇ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၈၉၆ ဦးအထိ ရှိလာနေ​တာပါ။

စစ်တွေ ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက “ဖြစ်ပွားမှုက တလထက်တလ တိုးလာနေတယ်။ သေဆုံးမှုက ဟိုနေ့ကဆို စစ်တွေမြို့ မြောက်စံပြကျေးရွာက ၈ တန်း ကျောင်းသားတဦးနဲ့ ၈ နှစ်အရွယ် မိန်းကလေးတဦး တပြိုင်နက်တည်း ဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။

မြေပုံမြို့နယ်၊ ညောင်တောကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦး ဇူလိုင် ၈ ရက်မှာ သေဆုံးခဲ့ပြီး ဇူလိုင် ၁၀ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာက ပဉ္စမတန်းကျောင်းသားတဦး သွေးလွန်တုပ်ကွေးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့တာပါ။

စစ်တွေမြို့ သဲချောင်းမှ မွတ်ဆလင်ကလေးတဦးလည်း စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေစဥ် သေဆုံးသွားခဲ့ရသလို ပေါက်တောမြို့နယ်ဆေးရုံမှာလည်း ဆေးကုသမှုခံယူနေစဉ် ကလေးငယ်တဦး သေဆုံးသွားပြီး ဇူလိုင် ၂၆ ရက်က စစ်တွေမြို့ မြောက်စံပြကျေးရွာက ၈ ကျောင်းသားတဦးနဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ကြပါတယ်။

ပြည်နယ်ကျန်မာရေးဦးစီးဌာန တာဝန်ရှိသူတဦးက“သွေးလွန်တုပ်ကွေး ဖြစ်ပွားသေဆုံးမှုစာရင်းက မြို့ပေါ်ကဆေးရုံတွေကို ရောက်လာတဲ့ စာရင်းတွေသာ ရရှိတာဗျ။ နယ်တွေမှာ ဖြစ်ပွားပြီး ဆေးရုံမရောက်ဘဲ အိမ်မှာ ကျိတ်ကုသနေကြသူတွေ များစွာရှိနေတယ်။ အဲဒီအထဲမှာလည်း သေဆုံးတာတွေ ရှိနေကြတယ်လို့ သိရတယ်။ နောက်ဆုံး ထိန်းမရတဲ့အချိန်မှ ဆေးရုံတွေကို ရောက်လာတာတွေ ရှိတယ်။ ဖျားလို့ အဖျားမပြတ်ရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံး ပြသပေးဖို့လိုတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၂၇ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ကျောက်ဖြူမြို့မှာ ၂၀၆ ဦး၊ စစ်တွေမြို့မှာ ၁၆၂ ဦး၊ တောင်ကုတ်မြို့မှာ ၁၄၉ ဦး၊ သံတွဲမြို့မှာ ၆၄ ဦး၊ ပုဏ္ဏားကျွန်းမြို့မှာ ၄၇ ဦး၊ ပေါက်တောမြို့မှာ ၄၃ ဦး၊ ကျောက်တော်မြို့မှာ ၄၁ ဦး၊ ဘူးသီးတောင်မြို့မှာ ၃၆ ဦး၊ ရသေ့တောင်မြို့မှာ ၁၅ ဦး၊ မောင်တောမြို့မှာ ၁၄ ဦး၊ မြောက်ဦးမြို့မှာ ၃၀ ဦး၊ မင်းပြားမြို့မှာ ၂၂ ဦး၊ ရမ်းဗြဲမြို့မှာ ၁၇ ဦး၊ မာန်အောင်မြို့မှာ ၁၆ ဦး၊ ဂွမြို့မှာ ၁၅ ဦး၊ အမ်းမှာ ၁၃ ဦး၊ မြေပုံမှာ ၆ ဦး၊ စုစုပေါင်း ၈၉၆ ဦး ဖြစ်ပွားနေပြီး အဲဒီအထဲမှာ သေဆုံးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013