
အီတလီနိုင်ငံမှာ ဇူလိုင် ၂၅ ရက်က တောမီးကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး မီးသတ်သမားတွေဟာ အချိန်ကို မငဲ့ကွက်ဘဲ မီးငြှိမ်းသတ်ရေး လုပ်ဆောင်နေကြောင်း အီတလီသတင်းဌာန ANSA အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ္စလီကျွန်းမှာ လူ ၃ ဦးနဲ့ ရဂ်ဂျီယို ဒီ ကာလာဘရီယာမြို့မှာ တခြားလူ ၁ ဦး သေဆုံးခဲ့ပြီး တောမီးကြောင့် လူပေါင်း ၂,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဥရောပတောင်ပိုင်းကို အပူလှိုင်း ကျရောက်ခဲ့တာကြောင့် ပူပြင်းတဲ့ အပူချိန်မြင့်တက်မှုနဲ့အတူ မီးလောင်ကျွမ်းမှုနဲ့ သေဆုံးမှုအန္တရာယ်လည်း တိုးလာစေပါတယ်။
စစ္စလီကျွန်းရဲ့ အရှေ့ပိုင်းဒေသတချို့မှာ ဇူလိုင် ၂၄ ရက်က အပူချိန်ဟာ ၄၇ ဒသမ ၆ စင်တီဂရိတ် (၁၁၇ ဒသမ ၇ ဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်းပေါ်မှာ စံချိန်တင်ခဲ့တဲ့ ဥရောပအပူချိန် ၄၈ ဒသမ ၈ စင်တီဂရိတ်နဲ့ နီးကပ်နေပါတယ်။
Source - Reuters










