DVB Logo
Home
အားကစား
အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားနှင့် အခါးသီးဆုံး ပြိုင်ဘက်အသင်းကို ရက်ရှ်ဖို့ဒ်ပြော
DVB
·
July 26, 2023
အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားနှင့် အခါးသီးဆုံး ပြိုင်ဘက်အသင်းကို ရက်ရှ်ဖို့ဒ်ပြော
Donate to DVB

အခက်ခဲဆုံးပြိုင်ဘက်ကစားသမားနဲ့ အခါးသီးဆုံးပြိုင်ဘက်အသင်းကို မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ထုတ်ဖော်ပြောပြသွားပါတယ်။

ဆက်လက်ပြီး မန်ယူအသင်းရဲ့ အခါးသီးဆုံးနဲ့ အကြီးမားဆုံးပြိုင်ဘက် အသင်းက မန်စီးတီး မဟုတ်ဘဲ လီဗာပူးအသင်းဖြစ်ကြောင်း၊ တခြားအသင်းတွေထက် လီဗာပူးအသင်းကို မနှစ်သက်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

အင်္ဂလန်ကစားသမားဟောင်း ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူးအစီအစဉ်မှာ နဗီးလ်မေးတဲ့ မေးခွန်းတွေအပေါ် ရက်ရှ်ဖို့ဒ်က ပြန်လည်ဖြေကြားသွားခဲ့တာပါ။

အခက်ခဲဆုံးပြိုင်ဘက်က စီးတီးနောက်ခံလူ ဝေါ်ကာဖြစ်ကြောင်း၊ ဝေါ်ကာရဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းက အံ့မခန်းဖြစ်ပြီး ဘယ်လိုနည်းစနစ်တွေနဲ့ပဲ လှည့်စားသည်ဖြစ်စေ ထိပ်တိုက်ရင်ဆိုင်ရတိုင်းမှာ ခက်ခဲခဲ့ကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

ဒါ့အပြင် မန်ယူအသင်းမှာ တိုက်စစ်မှူးတဦးလို အသားကျနေပေမဲ့ ဘယ်တောင်ပံမှာ ကစားရတာက အနှစ်သက်ဆုံးဖြစ်ကြောင်းလည်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

ငယ်စဉ်ကဆိုရင် တိုက်စစ်မှူးနေရာနဲ့ ဘယ်လိုမှအဆင်မပြေခဲ့ပေမဲ့ အသက်အရွယ် ကြီးလာတဲ့နဲ့အမျှ တိုက်စစ်မှူးနေရာ ကစားရတာကို ပျော်ရွှင်လာခဲ့ကြောင်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013