DVB Logo
Home
အားကစား
ဘိုင်ယန်ကွင်းလယ်လူ ဆဘစ်ဇာ ဒေါ့မွန်သို့ ပြောင်းရွှေ့
DVB
·
July 25, 2023
ဘိုင်ယန်ကွင်းလယ်လူ ဆဘစ်ဇာ ဒေါ့မွန်သို့ ပြောင်းရွှေ့
Donate to DVB

ဩစတြီးယား ကွင်းလယ်ကစားသမား မာဆယ်ဆဘစ်ဇာဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ မဟာပြိုင်ဘက်အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကို လေးနှစ်စာချုပ်နဲ့ သဘောတူညီမှုရရှိပြီး ပြောင်းရွှေ့သွားတယ်လို့ ဇူလိုင် ၂၄ ရက်က သတင်းထုတ်ပြန်ပါတယ်။

ကလပ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ ဂျာမန်မီဒီယာတွေကတော့ အသက် ၂၉ နှစ်အရွယ် ကစားသမားအတွက် ယူရို ၁၉ သန်းနဲ့ ဒေါ့မွန်က သဘောတူညီမှု ရရှိခဲ့တာလို့ ဖော်ပြကြပါတယ်။

နိုင်ငံတကာပွဲပေါင်း ၇၁ ပွဲ ကစားထားတဲ့ ဩစတြီးယား ဒုတိယအသင်းခေါင်းဆောင် ဆဘစ်ဇာဟာ ဘိုင်ယန်အသင်းဆီကို လိုက်ဇစ်အသင်းကနေ ၂၀၂၁ ခုနှစ်က ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အငှားသွားရောက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ ၂ ရာသီကြာ ကစားခဲ့တဲ့ ဆဘစ်ဇာဟာ ၅၄ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုးသွင်း ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့လည်း ၁၈ ပွဲကစား ၃ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013