DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ဓားပြတိုက်မှုများ မကြာခဏဖြစ်နေ
DVB
·
July 25, 2023
မိုးကုတ်မြို့တွင် ဓားပြတိုက်မှုများ မကြာခဏဖြစ်နေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဓားပြတိုက်ခံရမှုတွေ မကြာခဏဖြစ်နေပြီး ဇူလိုင်လအတွင်း ရေပေါက်တရာရပ်ကွက်၊ ဘော်ဗဒန်းရပ်ကွက်နဲ့ ညောင်ပင်ကြီးရပ်ကွက်တွေက နေအိမ်တွေမှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးကုတ်မြို့ အနောက်ပိုင်းညောင်ပင်ကြီးရပ်ကွက်က နေအိမ်တအိမ်မှာ ဇူလိုင် ၂၃ ရက် မနက် အစောပိုင်းက သေနတ်ကိုင်ဆောင်ထားသူလေးယောက် အိမ်ထဲဝင်ရောက်ဓားပြတိုက်ခဲ့ပြီး  အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မိုးကုတ်မြို့အရှေ့ပိုင်းနေထိုင်တဲ့ အမျိုးသမီးတဦးက"မြို့ထဲအိမ်တွေမှာ ဓားပြတိုက်ခံရတာ၊ လုခံရတာတွေ မကြာခဏဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်သူကမှမ ပြောရဲကြဘူး။ နီးစပ်ရာနီးစပ်ရာပြောရင်း သိနေရတာ၊ နေရတာဘယ်လိုမှမလုံခြုံဘူး၊ ရှိတော့လည်း လုခံရမှာကြောက်တယ်၊ မရှိတော့လည်း ငတ်မှာကြောက်နေရတယ်" လို့ ပြောပါတယ်။ 

မိုးကုတ်မြို့ ရေပေါက်တရာရပ်ကွက်နဲ့ ဘော်ဗဒန်းရွာက ​နေအိမ်တို့မှာလည်း ဇူလိုင် ၅ ရက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အနီးတဝိုက်မှာ ဇူလိုင်လအတွင်း တရားမဝင်လက်နက်ကိုင်ဆောင်ပြီး ဓားပြတိုက်တာ၊ အနုကြမ်းစီးတာ၊ ဆက်ကြေး ကောက်ခံတာ၊ လုယက်တာတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း  ဇူလိုင် ၁၂ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ရှိသူတဦးက"တိုင်းပြည်အာဏာကို မတရား သိမ်းပိုက်ထားတဲ့ စစ်တပ်အနေနဲ့ ယနေ့အချိန်မှာ နိုင်ငံရေးအရကော စစ်ရေးအရပါ ရှုံးနိမ့်လာတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေ ပကဖတွေ PDF တွေရဲ့ ပုံရိပ်ကို ဝေဝါးအောင်လို့ ပုံဖျက်နေတာလို့ပဲမြင်ပါတယ်။ နောက်ပြီး အဲ့လိုလုပ်နေတာကလည်း သူတို့ အကြမ်းဖက်အဖွဲ့အစည်းကပဲ လုပ်နေတာဖြစ်ပြီးတော့ ပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲက စည်းလုံးမှုကို သပ်လျိုခွဲထုတ်ချင်တဲ့အတွက် အခုလိုပြည်သူတွေကို ဒုက္ခပေးတာလို့လည်း ထပ်ပြောချင်ပါတယ်" လို့ ပြောပါတယ်။ 

မိုးကုတ်မြို့တွင်း မကြာခဏ ဓားပြတိုက်၊ လုယက်နေပေမဲ့ ဘယ်အဖွဲ့တွေက လုပ်ဆောင်နေတယ်ဆိုတာကို မသိရသလို အာဏာသိမ်းစစ်တပ်ကလည်း အရေးယူဆောင်ရွက်တာမျိုး မရှိသေးသလို ဖမ်းဆီးရမိတာမျိုးလည်း မရှိသေးပါဘူး။ 

ပြင်ဦးလွင်ခရိုင်ပကဖတာဝန်ရှိသူတဦးက ပြည်သူလူထုအနေနဲ့ လုံခြုံရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013