DVB Logo
Home
နိုင်ငံတကာ
Move Forward ပါတီထောက်ခံသူများ ဘန်ကောက်တွင် ဆန္ဒပြ
DVB
·
July 24, 2023
Move Forward ပါတီထောက်ခံသူများ ဘန်ကောက်တွင် ဆန္ဒပြ
Donate to DVB

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖိထားလင်မ်ဂျာရွန်ရတ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခွင့် ပိတ်ဆို့တားဆီးခံနေရတာနဲ့ ပတ်သက်ပြီး  ဇူလိုင် ၂၃ ရက် ညနေပိုင်းက ဘန်ကောက်မြို့မှာ ပါတီထောက်ခံသူတွေ လူစုလူဝေးနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းစစ်တပ် ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေဟာ ဖိထားရဲ့ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်ခံမှု  ၂ ကြိမ်စလုံးကို ပျက်ပြားသွားအောင် လွှတ်တော်မှာ ကန့်ကွက်ဆွေးနွေးခဲ့ကြသလို ထောက်ခံမဲလည်း မပေးခဲ့ကြပါဘူး။

ဒါကြောင့် Move Forward ပါတီအနေနဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီး ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးအနိုင်ရ ပါတီလည်းဖြစ်၊ မဟာမိတ်လည်းဖြစ်တဲ့ ဖွေ့ထိုင်းပါတီကို အစိုးရဖွဲ့နိုင်ဖို့အတွက် တာဝန်လွှဲပေးခဲ့ပါတယ်။ 

အပြောင်းအလဲလိုလားကြတဲ့ တိုးတက်ရေးဝါဒီ Move Forward ပါတီနဲ့ လူကြိုက်များတဲ့ ဖွေ့ထိုင်း ပါတီတို့ဟာ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၅၀၀ မှာ အများစု အနိုင်ရခဲ့ပေမယ့်လည်း အစိုးရဖွဲ့နိုင်ဖို့အထိတော့ လုံလောက်တဲ့ မဲအရေအတွက်တော့ မရခဲ့ပါဘူး။

ဒါကြောင့် MFP အပါအဝင် ၈ ပါတီ မဟာမိတ်တွေအတွက် ကြီးမားတဲ့ အတားအဆီးဟာ အမတ်နေရာ ၂၅၀ ရှိတဲ့ စစ်တပ် ကျောထောက်နောက်ခံပေးထားအမတ်တွေကြီးစိုးနေတဲ့ အထက်လွှတ်တော်ပဲ ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ ရှေးရိုးစွဲ အမတ်တွေဟာ ဘုရင်စနစ်ကို ပြုပြင်မယ့် အစိုးရဖွဲ့စည်းရေးအပေါ် ပိတ်ပင်မှုအပါအဝင် သူတို့ရဲ့  အာဏာနဲ့ အကျိုးစီးပွားအပေါ်  ကာကွယ်တဲ့အနေနဲ့  ဖိထားလင်မ်ဂျာရွန်ရတ်နဲ့  MFP ပါတီကို အာဏာမရအောင် အပြင်းအထန် ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ 

ဖိထားလင်မ်ဂျာရွန်ရတ်ကတော့ ဝန်ကြီးချုပ်အဖြစ် အရွေးချယ်မခံရသလို လွှတ်တော်အမတ် အဖြစ်ကနေပါ ဆိုင်းငံ့ခံထားရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013