DVB Logo
Home
မြန်မာသတင်း
မိုခါကြောင့်ပျက်စီးသွားသည့် အငူမော်ဆိပ်ခံတံတား မပြင်နိုင်သေး
DVB
·
July 23, 2023
မိုခါကြောင့်ပျက်စီးသွားသည့် အငူမော်ဆိပ်ခံတံတား မပြင်နိုင်သေး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ခံတံတားဟာ ပြီးခဲ့တဲ့ ၂ လကျော်က မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရပြီး အခုအထိ ပြန်မပြင်နိုင်သေးတာကြောင့် ခရီးသွားသူတွေ အခက်အခဲတွေ့နေကြရပါတယ်။

အငူမော်ဒသခံရွာလူကြီးဦးမောင်ရွှေဝင်းက "ဒီအငူမော်ဆိပ်ကမ်းကို ရသေ့တောင် မြို့နယ်စည်ပင်က သိန်းထောင်ချီနဲ့လေလံတင်ရောင်းချထားတာ။ အငူမော် ဆိပ်ကမ်းကနေ စစ်တွေရေချမ်းပြင်ကို လူတယောက်ကို ၁၀၀၀ ကျပ်၊ ဆိုင်ကယ်တစီးကို ၂၅၀၀ ကျပ် ကောက်ယူနေတာ။ အခုပျက်စီးနေတဲ့ ဆိပ်ခံတားကလည်း များများကြီး ပျက်စီးတာမဟုတ်ဘူးဆိုတော့ လေလံတင်ရောင်းချထားတဲ့ စည်ပင်သာယာက လုပ်ပေးရမှာ။ အခုက အခွန်အခတော့ ကောက်တယ်။ ပြုပြင်ဖို့ကျတော့ မသိဟန် ဆောင်နေကြတယ်" လို့ ပြောပါတယ်။

အငူမော်ဆိပ်ခံတံတားကို ၂၀၀၅ ခုနှစ် မှာ BAJ(Bright Asia Japan)အဖွဲ့က တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာပြီးစီးခဲ့တာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆီကို အပ်လိုက်ပြီဖြစ်တယ်လို့ BAJ ရဲ့ တာဝန်ရှိသူ အရာရှိတယောက်က ပြောပါတယ်။

"ကျနော်တို့ BAJ က မောင်တော-အငူမော်လမ်းတလျှောက် တံတားတွေနဲ့ အငူမော် ဆိပ်ခံတံတားကို ၂၀၀၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့ကြတယ်။ ၂၀၀၆ မှာ အငူမော် ဆိပ်ခံတံတား အပါအဝင် မောင်တော-အငူမော်လမ်းတလျှောက်က တံတား အစင်း ၃၀ ကျော်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။

အငူမော်ဆိပ်ခံတံတားဟာ အလျား ၄၇ ပေ၊ အနံ ၃၀ ဒသမ ၅ ပေ ရှိပြီး မေ ၁၄ ရက်မှာ ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သွားတဲ့ အလွန့်အလွန်အားကောင်းတဲ့ မိုခါမုန်တိုင်းကြောင့် ဆိပ်ဆံဖောင်တော်မှာရှိတဲ့ ကွန်ကရစ်တွေပြိုကျသွားခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013