DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးသမ္မတက သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်
DVB
·
July 22, 2023
ဘရာဇီးသမ္မတက သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်
Donate to DVB

ဘရာဇီးသမ္မတ လူးဝစ်စ် အင်နာစီယို လူလာ ဒါဆေးလ်ဗားဟာ အရပ်သားတွေ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်ထားတဲ့ အုပ်ချုပ်ရေးအမိန့်ကို ဇူလိုင်လ ၂၁ ရက် သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ သူ့ရှေ့က လက်ယာစွန်းခေါင်းဆောင် ဂျိုင်းရ် ဘော်ဆိုနာရိုရဲ့ သမ္မတသက်တမ်းအတွင်း သေနတ်ကိုင်ဆောင်မှု မြင့်တက်လာတာကို နှေးကွေးအောင် လုပ်ဆောင်လိုက်တာပါ။

နိုင်ငံမှာ မှတ်ပုံတင်ပြီး သေနတ်ကိုင်ဆောင်သူ ၈ သိန်း နီးပါးရှိပြီး ဘော်ဆိုနာရို ရွေးကောက်တင်မြှောက်ခံရတဲ့ ၂၀၁၈ ခုနှစ်မှာ ၁၁၇, ၄၆၇ ကနေ အရေအတွက် များလာတာဖြစ်ကြောင်း ၂၀၂၃ ဘရာဇီး ပြည်သူ့လုံခြုံရေး နှစ်ချုပ်စာအုပ်အရ သိရပါတယ်။ အခုလက်ရှိ မှတ်ပုံတင် မုဆိုးတယောက်ဟာ ကန့်သတ်ထားတဲ့ သေနတ် ၁၅ လက်လောက်အထိ အပါအဝင် အရင် သေနတ်အလက် ၃၀ အစား လက်နက် ၆ မျိုးကို ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။

မုဆိုးတွေဟာ ကျည်ဆန် အနည်းငယ်သာ ရရှိနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ Ibama ဆီက ရှင်းလင်းချက်ရဖို့ လိုအပ်ပါတယ်။ 

လူလာ ဟာ အရပ်ဘက် လက်နက်ထိန်းချုပ်မှုဆိုင်ရာ တာဝန်တွေကို စစ်တပ်ဆီကနေ ဖက်ဒရယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

စစ်တပ်ဟာ ကြီးကြပ်မှုအားနည်းခြင်း၊ ဒေတာဘေ့စ်တွေ မပြည့်စုံခြင်း၊ ပွင့်လင်းမြင်သာမှု နည်းပါးခြင်းနဲ့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့အတူ သတင်းအချက်အလက်မျှဝေမှု အားနည်းခြင်းတို့ကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013