DVB Logo
Home
မြန်မာသတင်း
အခွန်မူဝါဒ တင်းကျပ်သဖြင့် ကုန်သည်များ အခွန်ဆောင်မရဘဲ တရားမဝင်ကုန်သွယ်နေရ
DVB
·
October 30, 2024
အခွန်မူဝါဒ တင်းကျပ်သဖြင့် ကုန်သည်များ အခွန်ဆောင်မရဘဲ တရားမဝင်ကုန်သွယ်နေရ
Donate to DVB

စစ်ကောင်စီက အခွန်မူဝါဒ တင်းကျပ်ထားပြီး ကုန်သည်တွေအနေနဲ့ အခွန်ဆောင်မရတဲ့အတွက် ကြောင့် တရားမဝင်ကုန်သွယ်နေရတယ်လို့  ကုန်သည်တွေက ပြောပါတယ်။ 

ထိုင်းနိုင်ငံထုတ် ကုန်စည်တွေကို နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကတဆင့် ဘားအံ- မော်လမြိုင်- ရန်ကုန်လမ်းကြောင်းအတိုင်း  မြန်မာတနိုင်ငံလုံးကို အဓိက ဖြန့်ဖြူးနေတာပါ။ 

အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက် စစ်ဆေးအရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားခဲ့ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ထိုင်းကုန်စည်တင်ဆောင်တဲ့ယာဉ်တွေကို ဖမ်းဆီး စစ်ဆေးတာ၊ တရားမဝင်တင်ဆောင်လာတဲ့ ကုန်စည်တွေအပြင် ယာဉ်နဲ့ ယာဉ်မောင်းတွေ ကိုပါ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။ 

ကုန်သည်တွေ တရားဝင်ကုန်သွယ်ခွင့်ရအောင် အခွန်မူဝါဒဖြေလျော့ပြီး လိုင်စင်ချပေးဖို့ လိုတယ် လို့ ကုန်သည်တွေ ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “တရားမဝင်ဖြစ်တယ်ဆိုတာက ကုန်သည်တွေ အခွန်မဆောင်လို့ ဖြစ်တာမဟုတ်ဘူး။ အစိုးရရဲ့ မူဝါဒအောက်မှာ အခွန်ဆောင်လို့ မရတဲ့အတွက် အခွန်မဆောင်ဘဲနဲ့ သွားနေရတယ်။ တကယ်တော့ အခွန်ဆောင်ချင်တယ်။ အစိုးရမူဝါဒမှာက လိုင်စင်မရဘူး။ အဓိက ကတော့ မူဝါဒတွေလျော့ပေးရင် ကုန်သည်တွေက အခွန်ဆောင်ရလွယ်ကူတယ်။ မူဝါဒတွေ တင်းကျပ်ထားတော့ အခွန်ဆောင်လို့ မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ထိုင်းကုန်စည်တင်ဆောင်တဲ့ ယာဉ်တွေကို ဖမ်းဆီးပြီး သိမ်းဆည်း နေတာကြောင့် ထိုင်းနိုင်ငံထုတ်ကုန်စည်တွေ ဈေးမြင့်တက်လာနိုင်တယ်လို့  ကုန်သည်တွေက ပြောပါတယ်။ 

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ကုန်တင်ယာဉ်တွေအပြင် ခရီးသည်နဲ့အတူပါရှိတဲ့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်တွေပါ ဖမ်းဆီးတာကြောင့် ခရီးသွားလာရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့  ခရီးသည်ယာဉ်လိုင်းတာဝန်ခံတွေက ပြောပါတယ်။

ခရီးသည်ယာဉ်လိုင်းတာဝန်ခံတယောက်က “အခု လက်ရှိဖြစ်ပေါ်နေတဲ့ဟာတွေက လူတိုင်း ကြုံနေရတဲ့ ပြဿနာတွေ။ အရင်ဆို တန်ဆာလက်ခံတယ်၊ အခုတန်ဆာလက်မခံရဲဘူး။ အစစ်အဆေးတွေက ကြမ်းတယ်။ သွားရလာရတာ အရမ်းကျပ်တည်းတယ်။ အကုန်လုံး အခက်အခဲ ရှိကြတယ်။ အဆင်ပြေ ချောချောမွေ့မွေ့မရှိဘူး” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို သွားလာနေတဲ့ အောက်ဗိုလ်တဲလမ်းဟောင်းမှာ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ လက်နက်ကိုင်အဖွဲ့စုံဂိတ်တွေက ငွေကောက်ခံတာ၊ ကုန်ကျစရိတ်များပြားတာတွေနဲ့ ခရီးသည်နဲ့ကုန်စည်တင်ယာဉ်တွေ ရင်ဆိုင်ခဲ့ရပါတယ်။

ကုန်ကျစရိတ်သက်သာပြီး လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာတဲ့ ထို့ကော်ကိုးလမ်း၊  ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းကနေ ပိုမိုအသုံးပြုလာတယ်လို  ယာဉ်မောင်းတွေက ပြောပါတယ်။  

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာတာကြောင့် အရင်က  မြဝတီ- သာမည ကို ကုန်စည် ၁ တန် ကျပ် ၈ သိန်းရှိခဲ့ရာက အခုကျပ် ၄ သိန်းနီးပါးသာရှိပြီး ခရီးသည် ယာဉ်စီးခတွေပါ အနည်းငယ် ကျဆင်းလာတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013