DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ၂ နှစ်ကျော်အတွင်း ပြောက်ကျားတပ်ဖွဲ့ဝင် ၃၀၀ ကျော် ဖမ်းဆီးခံထားရ 
DVB
·
July 22, 2023
မန္တလေးတွင် ၂ နှစ်ကျော်အတွင်း ပြောက်ကျားတပ်ဖွဲ့ဝင် ၃၀၀ ကျော် ဖမ်းဆီးခံထားရ 
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျား ၃၀၀ ကျော်ဟာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာကိုခံထားရပြီး အယောက် ၆၀ ကျော်ကတော့ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တွေဆီက သိရပါတယ်။ 

Mandalay People Rescue အဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ထက်အောင်က " အဖမ်းအဆီးခံ UG တွေကတော့ ၃၀၀ ဝန်းကျင်လောက်ရှိမယ်။ တခြားထောက်ပို့တွေ ဘာညာမပါဘူး။ ဒါက UG သီးသန့်ပြောတာပါ။ ထောက်ပို့တွေ၊ Suppoter တွေ ပေါင်းရင်တော့ အဖမ်းအဆီးခံထားရတာ ထောင်ဂဏန်းဝန်းကျင်ရှိနေပါပြီ။ ကျနော်တို့အဖွဲ့ဆိုရင် လူချည်းပဲ ၂၇ ယောက်ဆုံးရှုံးပြီးပြီ။ ဟိုတလောကပဲ ထပ်အဖမ်းခံခဲ့ရတာပါ။ အဖွဲ့အချက်အလက်ဖော်သွားတာ တယောက်ပဲရှိခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ စုစည်းမှုရှိကြပေမယ့် လက်ရှိ အခြေအနေမှာ အဖွဲ့အသစ်တွေနဲ့ ချိတ်ဆက်ဖို့ အားနည်းနေပြီး စစ်တပ်က ထောင်ထားတဲ့နာမည်ခံ UG အဖွဲ့တွေဖြစ်မှာစိုးရိမ်တာကြောင့်လို့ သိရပါတယ်။ 

"ကျနော်တို့အဖွဲ့မှာ လက်ရှိ အင်အား ၃၀ ကျော်ရှိပါတယ်။  မန္တလေးကို ပြန်ဝင်ဖို့ဆိုတာ ခက်ခဲနေတယ်။ ဝင်မိသွားရင် အထွက်ခက်ပြီး ထောင်ခြောက်ထဲရောက်သွားသလို ပြန်ထွက်မရဘဲ ပုန်းအောင်းရင်း အဖမ်းခံရတဲ့ဘဝတွေဖြစ်နေတယ်" ဗိုလ်ထက်အောင် က ပြောပါတယ်။ 

ဗျူဟာမြောက် တိုက်ပွဲတွေဖော်ဆောင်ဖို့၊ တော်လှန်ရေး အင်အားစုတွေအကြား ပိုမိုချိတ်ဆက်မိပြီး ကစားကွက်ဖော်ဆောင်ဖို့နဲ့ စစ်ရေးအရလိုအပ်တဲ့ လက်နက်ခဲယမ်း ပြည့်ပြည့်ပြည့်စုံစုံရှိရင် မန္တလေးမြို့ထဲပြန်ဝင်ဖို့ လွယ်ကူမြန်ဆန်နိုင်မှာဖြစ်ပြီး  လက်နက်ကိုင်တပ်ဖွဲ့တခုထဲရှိနေသလို တပ်ဦးက နိုင်ငံရေးသမားတွေဖြစ်နေလို့ နေပိုဆိုးတာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တယောက်က သုံးသပ်ထားပါတယ်။ 

မြို့ပြပြောက်ကျားတပ်ဖွဲ့ UG တွေဟာ အဖွဲ့တခုအောက်မှာ လုပ်ရပေမယ့် လူသိမခံရဘဲ အသက်တွေပေးနေရလို့ UG တွေ အဖမ်းခံရပြီး စစ်ကြောရေးမှာကျသွားရင် လူမသိသူမသိ အသက်တွေပေးနေရတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013