DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အိမ်စီးကားများ မှန်ချမောင်းနှင်ကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တိုက်တွန်း
DVB
·
August 15, 2023
မန္တလေးတွင် အိမ်စီးကားများ မှန်ချမောင်းနှင်ကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တိုက်တွန်း
Donate to DVB

မန္တလေးမြို့မှာ အိမ်စီးကားတွေကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တော့မှာ ဖြစ်လို့ မန္တလေးဒေသခံတွေအနေနဲ့ အိမ်စီးကားတွေကို ၁ လတိတိ မှန်ချမောင်းနှင်ပေးကြဖို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန် သတိပေးထားပါတယ်။

Mandalay People Rescue တာဝန်ခံ ကိုထက်အောင်က“မန္တလေးမြို့နယ်အတွင်းပါပဲ။ ဒီလကုန်ပြီး နောက်လဆန်းထဲ အထိပေါ့။ ထုတ်ပြန်တဲ့ နေ့ကနေ တလအတွင်းပေါ့ဗျာ။ ဘယ်အချိန် ဘယ်နေရာကို ဝင်လုပ်မလဲဆိုတာကို စောင့်ကြည့်ပြီး သတိလေးထားပေးကြပါ။ (--)တွေနဲ့ ဝေးရာမှာနေပါ။ ကားမှန်ချ မောင်းပေးကြပါ။ သူတို့တွေ အသွင်ယူဖမ်းလို့ အဖွဲ့ဝင်တွေ ခဏ ခဏ အဖမ်းခံရတယ်။ ကျနော်တို့လည်း မစ်ရှင်တွေ မအောင်တာများတော့ ဒီတခါ တကယ်လုပ်မှာပါ” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေအသုံးပြုပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့အဖွဲ့တွေကို ဖမ်းဆီိးတာတွေ ပြုလုပ်နေတာကြောင့် အဖမ်းဆီးခံ၊ ကျဆုံးခံခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်စားချေ တိုက်ခိုက်မှုကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ စုပေါင်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။

မစ်ရှင်လုပ်တဲ့ နေရာကို ကားမှန်တင် မောင်းဝင်လာပါက အဖွဲ့သားတွေရဲ့အသက်ကို ကာကွယ်တဲ့အနေနဲ့ မလွှဲသာမရှောင်သာ ပစ်ခတ်ရမှာဖြစ်ပြီး ပစ်ခတ်ဖောက်ခွဲမှုကြောင့် ကားတွေပျက်စီးနိုင်သလို အသက်အန္တရာယ်လည်း ထိခိုက်နိုင်လို့ နောက်ဆုံးအကြိမ် သတိပေးတာပါလို့ ကိုထက်အောင်က ပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မန္တလေးဒေသခံ အမျိုးသမီးတဦးက “ထုတ်ပြန်ချက်သိတဲ့သူတွေ အများစုကတော့ လိုက်နာကြမှာပါ။ တချို့က မသိကြဘူး။ တလရ သူရဲကောင်းတွေ အန္တရာယ်ကင်းရှင်းပြီး မစ်ရှင်အောင်မြင်တယ်ဆိုတဲ့ သတင်းကောင်းလေးပဲ အမြဲကြားသိရချင်တာ။ ပြည်သူတယောက်အနေနဲ့ တကယ်ကို အားပေးထောက်ခံတယ်။ ကိုယ်မစွမ်းဆောင်ပေမဲ့ အမြဲရပ်တည်ပေးနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အများစုဟာ မြို့ကိုစွန့်ခွာခဲ့တာ ၁ နှစ်နီးပါးရှိပြီဖြစ်ပြီး လက်ရှိအချိန်မှာ မြို့ထဲကို ကြိုးစားဝင်ရောက်ကာ နေရာတိုင်းမှာ ရှိနေနိုင်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013