DVB Logo
Home
မြန်မာသတင်း
မန္တလေး၊ ရတနာပုံခန်းမတွင် ဗုံးပေါက်ကွဲ
DVB
·
January 26, 2023
မန္တလေး၊ ရတနာပုံခန်းမတွင် ဗုံးပေါက်ကွဲ
Donate to DVB

မန္တလေးမြို့၊ ၇၈ လမ်း ၃၈ လမ်းပေါ်က ရတနာပုံခန်းမမှာ ဇန်နဝါရီ ၂၅ ရက်  မနေ့ည ၈ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ လုံခြုံရေး အစောင့်စစ်သား တချို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အနီးနားရပ်ကွက်နေဒေသခံတစ်ဦးက “ပထမက ဗုံးပေါက်ကွဲသံအကျယ်ကြီးကြားတာ။ ကြားတာနဲ့ ထင်လိုက်တယ်၊ ပေါက်ကွဲသံကြားတဲ့နားမှာ ရတနာပုံခန်းမပဲရှိတာ၊ နောက်ပစ်ခတ်သံတွေ ကြားရတာ၊ ကျည်လာမှန်မှာစိုးလို့တောင် ပုန်းခဲ့ရသေးတယ်”လို့ ပြောပါတယ်။

ပေါက်ကွဲသံကြားပြီးနောက် သေနတ်ပစ်သံ ၁၀ ချက်လောက်ကြားရပြီး ထိခိုက်မှုအခြေနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

မန္တလေးရတနာပုံခန်းမကို အထူးပြုလုပ်ထားတဲ့ဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေတဲ့စစ်သားတွေ ကိုလည်းသေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုမှာ ကင်းစောင့်စစ်သားနှစ်ယောက် ထိခိုက်နိုင်ကြောင်း Acid Army PDF MDY ကလည်း ထုတ်ပြန်ထားပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဗုံးပေါက်ကွဲခဲ့ပြီး စစ်သားတွေ ပစ်ခတ်ခံရပြီးနောက် အနီးနားရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေ လိုက်လံစစ်ဆေးနေခဲ့ပါတယ်။

မန္တလေး၊ ၆၂လမ်း တွတ်ပီကွေ့မှာလည်း ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲ ခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013