DVB Logo
Home
နိုင်ငံတကာ
လူမြင်ကွင်းမှပျောက်နေသည့်နိုင်ငံခြားရေးဝန်ကြီးနှင့်ပတ်သက်၍ သတင်းအချက်အလက်မရှိဟု  တရုတ်ပြော
DVB
·
July 21, 2023
လူမြင်ကွင်းမှပျောက်နေသည့်နိုင်ငံခြားရေးဝန်ကြီးနှင့်ပတ်သက်၍ သတင်းအချက်အလက်မရှိဟု  တရုတ်ပြော
Donate to DVB

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း လူမြင်ကွင်းကနေ   သီတင်းပတ် ၃ ပတ်ကျော်အကြာထိ ပျောက်နေတာနဲ့ ပတ်သက်လို့ ပေးစရာ အချက်အလက် မရှိသေးဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပြီး  ချင်ဂန်း ပျောက်နေတာနဲ့ ပတ်သက်လို့ နောက်ထပ် အချက်အလက်တွေပေးဖို့  ငြင်းဆိုခဲ့တာပါ။

တရားဝင် ထုတ်ပြန်ချက်မှာလည်း ချင်ဂန်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ မှတ်ချက်အပါအဝင် အပြန်အလှန် ဖလှယ်မှုတွေကို ချန်လှပ်ထားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေ   လူမြင်ကွင်းကနေပျောက်နေတဲ့ သတင်းတွေ မကြာခဏထွက်ပေါ်လေ့ရှိ တာပါ။   အခုလို နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း ပျောက်နေတာနဲ့ ပတ်သက်လို့  တရုတ်နိုင်ငံပြည်သူတွေနဲ့ အကြား ထင်ကြေးပေးမှုတွေ  အမျိုးမျိုးပေါ်ပေါက်နေပါတယ်။ 

ချင်ဂန်းရဲ့ ကျန်းမာရေးကြောင့် အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ ဇူလိုင် ၁၁ ရက်ကနေ ၁၂ရက်အထိ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မတက်တော့ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်က ကြေညာခဲ့တာပါ။

ဒါ့အပြင် ဇူလိုင် ၂၄ ရက်ကနေ ၂၅ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ကျင်းပမယ့် BRICS အစည်းအဝေးမှာလည်း  ချင်ဂန်း တက်ရောက်မှာမဟုတ်ဘဲ သူ့ကိုယ်စား တရုတ်နိုင်ငံခြားရေးအဆင့်မြင့်အရာရှိ  ဝမ်ယိ တက်ရောက်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

ချင်ဂန်းဟာ နိုင်ငံခြားရေး၀န်ကြီးရာထူးကို ထမ်းဆောင်ပြီးကတည်းက အမေရိကန် ထိပ်သီး ခေါင်းဆောင်တွေ တရုတ်နိုင်ငံဆီ ပထမဆုံးလာရောက်တဲ့ ဇွန်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့တွေ့ဆုံခဲ့ပါတယ်။

ချင်ဂန်းဟာ မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လည်း တွေ့ဆုံခဲ့ဖူးပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013