DVB Logo
Home
အားကစား
အမ်ဘာပေနှင့် ဟာလန်းတို့၏ အဆင့်ရောက်ရန် ရက်ရှ်ဖို့ဒ်လုပ်ဆောင်ရမည့်အရာ   ရွန်းနီပြော
DVB
·
July 21, 2023
အမ်ဘာပေနှင့် ဟာလန်းတို့၏ အဆင့်ရောက်ရန် ရက်ရှ်ဖို့ဒ်လုပ်ဆောင်ရမည့်အရာ   ရွန်းနီပြော
Donate to DVB

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့   ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေနဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတို့ရဲ့ အဆင့်ရောက်ဖို့ လုပ်ဆောင်ပြရမယ့်အရာတွေကို  တိုက်စစ်မှူးဟောင်းရွန်းနီက ထောက်ပြလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူနိုက်တက်နဲ့  ၅ နှစ် စာချုပ်သက်တမ်းတိုးခဲ့ပြီး သူ့အသက် ၃၀ ကျော်တဲ့အထိ အသင်းမှာ ဆက်ရှိနေတော့မှာပါ။

ရက်ရှ်ဖို့ဒ်အနေနဲ့ အမ်ဘာပေ၊ ဟာလန်းတို့လို အဆင့်အတန်းရောက်ဖို့ဆိုရင်တော့ မန်ယူအသင်းနဲ့ အတူ ဆုဖလားတွေရယူပြရမှာ ဖြစ်ကြောင်းရွန်းနီက သုံးသပ်ခဲ့တာပါ။

“မားကပ်စ်က ဂိုးတွေအများကြီးသွင်းယူနိုင်ပေမဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့လို အဆင့်ရောက်ဖို့ ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ကို ဆုဖလားတွေပြန်လည်ရယူပေးနိုင်ဖို့ပါပဲ။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ကျနော် ယုံကြည်ပါတယ်” လို့ရွန်းနီက ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ထူးချွန်တဲ့ပါရမီရှင်ကစားသမားဖြစ်လို့ သက်တမ်းတိုးခဲ့တဲ့အပေါ် ကျေနပ်မိ ကြောင်း၊ နောက်လာမယ့် ၅ နှစ်က ရက်ရှ်ဖို့ဒ်ရဲ့ဘဝအတွက် အရေးပါဆုံးအချိန်တွေဖြစ်လာမှာ ဖြစ်ကြောင်း ဝိန်းရွန်းနီက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013