DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီတင်သွင်းရောင်းချခြင်းနှင့် ပတ်သက်သည့် မူဝါဒအသစ် ထွက်လာနိုင်
DVB
·
July 20, 2023
စက်သုံးဆီတင်သွင်းရောင်းချခြင်းနှင့် ပတ်သက်သည့် မူဝါဒအသစ် ထွက်လာနိုင်
1 / 2
Donate to DVB

စစ်ကောင်စီအနေနဲ့ စက်သုံးဆီ တင်သွင်းရောင်းချတဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ မူဝါဒအသစ် ချမှတ်ကျင့်သုံးဖို့ ပြင်ဆင်နေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ အစီအမံတွေနဲ့ပတ်သက်လို့ နေပြည်တော်မှာ အစည်းအဝေးတခုကို ဇူလိုင် ၂၂ ရက်မှာ ပြုလုပ်ဖို့ရှိနေပြီး အဲဒီအစည်းအဝေးတက်ရောက်ဖို့ စက်သုံးဆီလုပ်ငန်းရှင်တွေ၊ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ထားသူတွေနဲ့ ကိုယ်တိုင် မတက်ရောက်နိုင်ရင် အဆုံးဖြတ်ပေးနိုင်မယ့်သူ စေလွှတ်ဖို့ ဖိတ်ကြားထားပါတယ်။

အဲဒီအစည်းအဝေးမှာ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးတာနဲ့ပတ်သက်လို့ စစ်ကောင်စီက ဖော်ဆောင်မယ့် အစီအစဥ်နဲ့ မူဝါဒတွေကို အသိပေးနိုင်မယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက “ဆီတင်သွင်းရောင်းချမှုကို ကန့်သတ်မယ်ဆိုတဲ့ သတင်း ထွက်နေတာတော့ ကြာပြီ။ လာမယ့်အစည်းအဝေးမှာ အဲဒီကိစ္စ ရှင်းရှင်းလင်းလင်း သိရမလား မပြောတတ်ဘူး။ တခုခု ကြပ်မတ် အသိပေးဖို့ ခေါ်တယ်လို့တော့ ယူဆရတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံခြားငွေလိုအပ်ချက် မြင့်တက်နေတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စက်သုံးဆီ အပါအဝင် ပြည်ပသွင်းကုန်တွေ လျှော့ချတင်သွင်းဖို့ မကြာခဏ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စက်သုံးဆီစျေးသက်သာဖို့ဆိုပြီး ရုရှားကနေ ဆီတင်သွင်းဖို့ စစ်ကောင်စီက လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်အထိ အလုပ်မဖြစ်ဘူးလို့လည်း စက်သုံးဆီလုပ်ငန်းရှင်တချို့က ဆိုပါတယ်။

စက်သုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက်ဆိုပြီး စစ်ကောင်စီက လျှပ်စစ်ကားတွေ အစားထိုးဖို့ ကြိုးစားလာတာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုနဲ့အတူ စက်သုံးဆီစျေးလည်း မြင့်တက်ခဲ့ပြီး စက်သုံးဆီ လိုသလောက် ဝယ်မရတဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိနေတယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013