
လာမယ့်ဘောလုံးရာသီဟာ မန်ယူနည်းပြတန်ဟတ်ဂ်အတွက် ခက်ခဲတဲ့ရာသီဖြစ်လာလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်းအန်ဒီကိုးလ်က ပြောပါတယ်။
နည်းပြတစ်ဦးအနေနဲ့ ပထမဆုံးဘောလုံးရာသီမှာ အပေါင်းလက္ခဏာဆောင်တတ်ကြပြီး နည်းပြတန်ဟတ်ဂ်ဟာလည်း သူ့ရဲ့ပထမဆုံးရာသီမှာ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ကိုးလ်က ပြောပါတယ်။
ဒါပေမဲ့ ဒုတိယရာသီမှာ အခက်အခဲရှိတတ်ပြီး နည်းပြတန်ဟတ်ဂ်အနေနဲ့လည်း ခက်ခဲတဲ့ရာသီကို ဖြတ်သန်းရမှာဖြစ်ကြောင်း ကိုးလ်က ပြောပါတယ်။
အန်ဒီကိုးလ်က “ဒုတိယရာသီ ရောဂါလက္ခဏာဆိုးဆိုတာက နည်းပြတိုင်းအတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒုတိယရာသီမှာ တောင်းဆိုမူတွေလည်း ပိုများလာတတ်ပြီး နည်းပြတန်ဟတ်ဂ်အနေနဲ့ သက်သေပြနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဒါပေမဲ့ မနှစ်ကရာသီထက် ပိုခက်ခဲတဲ့ရာသီ ဖြစ်လာနိုင်ပါတယ်။ ဒုက္ခပြဿနာတွေရှိနေတဲ့ အသင်းတချို့အတွက်တော့ အဲဒီထက် ပိုဆိုးသွားလို့ မဖြစ်ပါဘူး”လို့ ပြောပါတယ်။
မန်ယူအသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ် နှစ်ပွဲမှာတော့ လူငယ်တွေကိုလည်း အခွင့်အရေးပေးခဲ့ပြီး လိဒ်ယူနိုက်တက်၊ လိုင်ယွန်အသင်းတွေကို အနိုင်ရရှိခဲ့ပါတယ်။










