DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားရွေးကောက်ပွဲ ဇူလိုင် ၂၃ ရက် ကျင်းပမည်
DVB
·
July 19, 2023
ကမ္ဘောဒီးယားရွေးကောက်ပွဲ ဇူလိုင် ၂၃ ရက် ကျင်းပမည်
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ ဇူလိုင် ၂၃ ရက်မှာ ကျင်းပမယ့် အထွေထွေရွေး‌ကောက်ပွဲမှာ မဲရုံတွေဆီ သွားရောက်မဲပေးကြမှာပါ။

ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါး အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဟွန်ဆန်ဟာ ပြတ်ပြတ်သားသား အတိုက်အခံမရှိဘဲ နောက်ထပ် အောင်ပွဲတခုရဖို့ သေချာနေပြီလို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။

အသက် ၇၀ ရှိတဲ့ ဟွန်ဆန်ဟာ လက်ရှိအာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကို ဦးဆောင်နေပြီး တခြားနိုင်ငံရေးပါတီ ၁၈ ပါတီလည်း အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

အဓိက အတိုက်အခံ Candlelight Party (CLP) ကို ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။

အခုနှစ် ရွေးကောက်ပွဲမှာ သာမန်ပြည်သူလူထုတွေ သပိတ်မှောက်တာကို တားဖို့ ဟွန်ဆန်ဟာ ဇူလိုင် ၂၃ ရက် အထွေထွေရွေးကောက်ပွဲမှာ မဲမပေးသူ ဘယ်သူမဆို နောင်လာမယ့် ဘယ်ရွေးကောက်ပွဲမှာမဆို ဝင်မပြိုင်နိုင်ဖို့ ဥပဒေကို ပြန်လည်ပြင်ဆင်ရေး ပြီးခဲ့တဲ့လက အမိန့်ထုတ်ခဲ့ပါတယ်။

အခု ပြင်ဆင်ချက်မူကြမ်းကို ဘုရင်က လက်မှတ်ရေးထိုးပြီးပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ ဟွန်ဆန်ရဲ့ နိုင်ငံရေးပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၁၂၅ နေရာ အားလုံးကို အနိုင်ရခဲ့ပြီး မဲပေးသူ ၆ ဒသမ ၉ သန်း အနက် ၄ ဒသမ ၈ သန်းဆီက မဲကို ရခဲ့ပါတယ်။

အမျိုးသားရွေးကောက်ပွဲကော်မရှင် (NEC) ရဲ့ စာရင်းဇယားတွေအရ အခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ မဲပေးသူ ၉ ဒသမ ၇ သန်း ရှိနေပါတယ်။ ဟွန်ဆန်ရဲ့ သားဖြစ်သူ ဟွန်မာနက်ဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတဦးဖြစ်ပြီး သူ့နေရာကို ဆက်ခံသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတင်းကြီးနေပါတယ်။

၁၉၅၂ ခုနှစ် ဩဂုတ် ၅ ရက်နေ့မှာ မွေးဖွားတဲ့ ဟွန်ဆန်ဟာ ၁၉၇၀-၇၅ ခုနှစ်တုန်းက အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ ဗိုလ်ချုပ်ကြီး လုံနော်ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ပြောက်ကျားစစ်ပွဲအတွင်း ခမာနီနဲ့ ပူးပေါင်းခဲ့ပြီး နောက်ပိုင်းမှာ အငယ်တန်း တပ်မှူး ဖြစ်လာတာပါ။

သူပုန်တွေက မြို့တော် ဖနွမ်းပင်ကို မသိမ်းမီ တိုက်ပွဲတွေမှာ မျက်စိကျခံခဲ့ရပါတယ်။ ၁၉၇၇ ခုနှစ် အလယ်ပိုင်းမှာ ဗီယက်နမ်ဆီ ဘက်ပြောင်းခိုလှုံခဲ့ပြီး ခန့်မှန်းခြေ လူဦးရေ ၁ ဒသမ ၇ သန်း ဒါမှမဟုတ် လူဦးရေရဲ့ သုံးပုံတပုံ သေဆုံးခဲ့တဲ့ ခမာနီပိုပေါ့ရဲ့ သွေးချောင်းစီး တော်လှန်ရေးမှာ မပါခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဟွန်ဆန်ဟာ ၁၉၇၀ ခုနှစ်တွေအတွင်း ခမာနီတွေနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ်ဘေးကနေ နိုင်ငံကို ကယ်တင်ခဲ့သူအဖြစ် ပုံဖော်ထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အာဏာရှင်အုပ်ချုပ်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် အဂတိလိုက်စားမှုတွေကြောင့် သူ့ခေတ်မှာ ကြီးပြင်းခဲ့တဲ့ လူငယ်အများအပြားဟာ သူနဲ့ကင်းကွာပြီး ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ(CNRP) မှာ ပါဝင်ရင်း အစောပိုင်း အတိုက်အခံအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ဒီပါတီကို တရားရုံးချုပ်က ဖျက်သိမ်းခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013