
မန်ယူအသင်းနဲ့အတူ ဆုဖလားတွေအများကြီးရယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
အသင်းနဲ့ ၅နှစ်သက်တမ်းရှိစာချုပ် ချုပ်ပြီးနောက်မှာ အနာဂတ်ရည် မှန်းချက်နဲ့ ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်ကပြောပြခဲ့တာပါ။
မန်ယူအသင်းနဲ့အတူ အံ့အားသင့်စရာ အတွေ့အကြုံတချို့ ရရှိပြီးသားဖြစ်ပေမဲ့ အောင်မြင်မှုတွေရယူဖို့ လိုအပ်နေဆဲဖြစ်ပြီး လာမယ့်နှစ်တွေအတွင်းမှာ ဆုဖလားတွေ အများကြီးရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်က “ကျနော်တို့ စွမ်းဆောင်နိုင်တဲ့ အဆင့်အတန်းကိုရောက်ရှိဖို့ အစွမ်းကုန်ကူညီသွားမယ်လို့ ကတိပေးပါတယ်။ အသင်းဖော်တွေကလည်း အဲဒီလို တူညီတဲ့ စိတ်ပိုင်းဖြတ်မှုတွေ ရှိတယ်လို့ ခံစားမိပါတယ်။ အသင်းနဲ့အတူ အောင်မြင်မူတွေရယူနိုင်ဖို့ လိုအပ်နေဆဲဖြစ်ပြီး လာမယ့်နှစ်တွေအတွင်းမှာ ဆုဖလားတွေပိုမိုရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ စာချုပ်သစ်အရ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းခွဲ ကျော်ရရှိမှာဖြစ်ပြီး ဆုကြေးတွေနဲ့ပါ ထည့်တွက်မယ်ဆိုရင် အသင်းရဲ့ လုပ်ခအများဆုံး ကစားသမား ဖြစ်လာဖို့ ရှိပါတယ်။










