
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ စာချုပ်သစ်အရ အသင်းရဲ့ လုပ်ခလစာ အများဆုံးကစားသမား ဖြစ်လာဖို့ရှိနေပါတယ်။
အသက် ၂၅ နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာ မနှစ်က ပြိုင်ပွဲစုံ ၅၆ ပွဲမှာ သွင်းဂိုး ၃၀ အထိ သွင်းယူနိုင် ခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် မန်ယူအသင်းက သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းခွဲရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ စာချုပ်သစ်မှာတော့ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ အထိ တိုးမြှင့်ရရှိမှာပါ။
အရင်က လုပ်ခအများဆုံးဖြစ်သူ ဂိုးသမားဒီဂီယာဟာလည်း အသင်းကနေ ထွက်ခွါသွားတာကြောင့် ရက်ရှ်ဖို့ဒ်က လုပ်ခအများဆုံးဖြစ်လာခဲ့တာပါ။
ပရီးမီးယားလိဂ်မှာတော့ စတုတ္ထမြောက် လုပ်ခအများဆုံးကစားသမားဖြစ်ပြီး မန်စီးတီးက ဟာလန်း၊ ဒီဘရိုင်းနဲ့ လီဗာပူးက ဆာလာတို့ကပဲ ရက်ရှ်ဖို့ဒ်ထက် ပိုများတဲ့ လုပ်ခရရှိနေကြတာ ဖြစ်ပါတယ်။










