DVB Logo
Home
မြန်မာသတင်း
မူတြော်ခရိုင်၌ တလအတွင်း တိုက်ပွဲ ၁၇၀ ဖြစ်၊ စစ်ကောင်စီ ၁၄၆ ဦးသေဆုံး
DVB
·
July 17, 2023
မူတြော်ခရိုင်၌ တလအတွင်း တိုက်ပွဲ ၁၇၀ ဖြစ်၊ စစ်ကောင်စီ ၁၄၆ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ် ကေအန်ယူနယ်မြေ မူတြော်(ဖာပွန်) ခရိုင်အတွင်း ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ  ရင်ဆိုင်တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၄၆ ဦး သေဆုံးက ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်ခရိုင်သတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ တလတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စစ်ကောင်စီတပ်တွေအကြား ရင်ဆိုင်တိုက်ပွဲပေါင်း အကြိမ် ၁၇၀ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၄၆ ဦး သေဆုံးကာ ၄၆ ဦး ဒဏ်ရာရရှိသွားတာလို့ ဆိုပါတယ်။

အလားတူ စစ်ကောင်ရဲ့ ရိက္ခာခဲယမ်းသယ်ဆောင်ရာမှာ အသုံးပြုတဲ့  မြင်းနဲ့ လား ၃၅ ကောင်ကို သတ်ဖြတ်ခဲ့သလို  စစ်သုံးမော်တော်ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးပါဖျက်စီးခဲ့တယ်လို့  မူတြော် သတင်းက ထုတ်ပြန်ထားပါတယ်။

ဒီတလအတွင်း KNLA ဘက်ကလည်း  ၃ ဦးသေဆုံးကာ  ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတယောက် သေဆုံးသွားခဲ့ရကြောင်း ကေအန်ယူသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013