DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ရာဘာခြံတွင် မြန်မာလုပ်သား ၃ ဦး အပါအဝင် လူ ၄ ဦးအသတ်ခံရ 
DVB
·
July 17, 2023
ထိုင်းတောင်ပိုင်း ရာဘာခြံတွင် မြန်မာလုပ်သား ၃ ဦး အပါအဝင် လူ ၄ ဦးအသတ်ခံရ 
Donate to DVB

 

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ ဆဝီမြို့နယ်ထဲမှာ ရာဘာခြံပိုင်ရှင် ထိုင်းလူမျိုးတယောက်နဲ့ မြန်မာ လုပ်သားသုံးယောက်တို့  အသတ်ခံရတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဇူလိုင်လ ၁၆ ရက်၊ မနက် ၈ နာရီခွဲလောက်က ဆဝီမြို့နယ် နားဆတ်အုပ်စု ရပ်ကွက် ၂ က ရာဘာခြံတခြံမှာ လူသတ်မှုဖြစ်ပွါးကြောင်း သတင်းပေးချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆဝီမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ကျ ဒုရဲမှူး ချိုင်းရတ် ချုင်းတေချက သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေရောက်သွားချိန်  ရာဘာခြံအဝင်လမ်းမှာ ပိုင်ရှင်ဖြစ်တဲ့ နိုင်းပယုံး ခုမ်နစ် ( အသက် ၆၀ ) နှစ်မှာ မီးရှို့ခံထားရပြီး ပက်လက်အနေအထားနဲ့ သေဆုံးနေကြောင်း၊ သေနတ်ဒဏ်ရာ အချက်ပေါင်း ၂၀ တွေ့ပြီး လွန်ခဲ့တဲ့ ၁၀ နာရီလောက်က သေဆုံးခဲ့တာဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဒါ့အပြင်  အဆိုပါနေရာနဲ့ နောက်ထပ် ၂၀၀ မီတာအကွာမှာလည်း  သတ်ဖြတ်မီးရှို့ခံထားရတဲ့ အသက် ၄၀ ရွယ်ရှိ  မြန်မာလုပ်သား အလောင်း တလောင်းနဲ့  မှောက်လဲနေတဲ့ ဆိုင်ကယ် တစီးပါ တွေ့ ကြောင်း၊ သူ့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၂၀ လောက်တွေ့တယ်လို့ ဆိုပါတယ်၊၊ 

တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးရာမှာ နောက်ထပ် မီတာ ၃၀၀ အကွာ အလုပ်သမားတွေနေတဲ့ အိမ် တလုံးရှေ့မှာ ခွေး တကောင် သေနတ် ဒဏ်ရာနဲ့ သေဆုံးနေကြောင်း ၊  အိမ်ပေါ်တက်ရှာရာမှာ  ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေကြတဲ့ မြန်မာအလုပ်သမား နှစ်ဦး နိုင်နောင့်  ( အသက် ၃၄ နှစ် )နဲ့ နိုင်နိုင် ( ၅၁ နှစ် ) တို့ရဲ့ အလောင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ ရာဘာခြံပိုင်ရှင် နိုင်းပယုံးရဲ့  ညီမဖြစ်သူပြောပြချက်အရ  လူသတ်မှုကျူးလွန်သူဟာ နောက်ထပ်ရာဘာခြံတခြံ ပိုင်ရှင်ဖြစ်တဲ့ နိုင်းပဖန်းနားဆရီအပြင် ဘယ်သူမှမဖြစ်နိုင်ကြောင်း၊  နိုင်းပဖန်းဟာ မူးယစ်ဆေးသုံးပြီး ရွာထဲမှာ ရမ်းကားလေ့ရှိကြောင်း၊  အစ်ကိုဖြစ်သူနဲ့ မကြာခဏစကားများပြီး  ရာဘာခြံအလုပ်သမားတွေကိုလည်း ရာဘာခိုးခြစ်တယ်လို့ စွပ်စွဲကာ ရဲနဲ့ ကော သေနတ်နဲ့ပါ မကြာခဏခြိမ်းခြောက်တတ်လို့  သူ့ခြံက အလုပ်သမားတွေ မနေရဲဘဲ ထွက်ပြေးသွားဖူးတယ်လို့ ပြောပါတယ်။ 

နိုင်းပဖန်းဟာ  သူ့အစ်ကို နိုင်းပယုံး ကိုသတ်တဲ့အပြင်  အစ်ကိုရဲ့ကားကိုပါ မောင်းပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် တာဝန်ရှိသူတွေက နိုင်းပဖန်းကို အရေးယူနိုင်ဖို့ အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

Ref: ThaiRath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013