DVB Logo
Home
မြန်မာသတင်း
ထိုင်းရာဘာခြံမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် မြန်မာအလုပ်သမားမိသားစု အသတ်ခံရ
DVB
·
September 2, 2024
ထိုင်းရာဘာခြံမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် မြန်မာအလုပ်သမားမိသားစု အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်နဲ့ ၇ နှစ်ရွယ် မိန်းကလေးတယောက် အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားမိသားတစု အသတ်ခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပရကျုပ်ခီရီခန်ခရိုင် ထပ်စကဲမြို့နယ် ဟွေ့ယန့်ရွာမှ ရာဘာခြံလုပ်သား အသက် ၄၀ အရွယ် အိုက်ခေါဝ် ခေါ် ဇော်မင်းဦးဟာ အလုပ်ရှင်ထံမှ ပုတ်ပြတ်လုပ်အားခ ဘတ် ၄၀,၀၀၀ ကျော် ယူထားပြီး ပျောက်ဆုံးနေသလို ဇနီးသည်နဲ့ သမီးဖြစ်သူတို့လည်း မတွေ့ရတာ ၂ ရက် ၃ ရက်လောက် ရှိပြီဖြစ်တာကြောင့် အလုပ်ရှင်ဖြစ်သူဟာ ဩဂုတ် ၃၁ ရက် မနက်က သူတို့အိမ်ကို လိုက်သွားခဲ့တယ်လို့ ဟွေ့ယန်းနယ်မြေရဲစခန်းက သတင်းထောက်တွေကို ပြောပါတယ်။

အလုပ်ရှင်က အိမ်ထဲကိုဝင်ကြည့်တာမှာ သေဆုံးနေတဲ့ အိုက်ခေါဝ်ရဲ့ ဇနီးဖြစ်သူ ခင်ဝင်းလှိုင် (၃၈ နှစ်) နဲ့ သမီးဖြစ်သူ နောင့်နေနေ့ (အသက် ၇ နှစ်) တို့ကို တွေ့ရလို့ ရဲစခန်းကို အကြောင်းကြားခဲ့တယ်။ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာမှာ သူတို့နှစ်ယောက်လုံး  ဦးခေါင်းနဲ့ မျက်နှာတဝိုက် မာကျောတဲ့အရာနဲ့ ထုနှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ခင်ဝင်းလှိုင်မှာ ကိုယ်ဝန်အရင့်အမာ (၈ လ) လွယ်ထားပြီး သူတို့တွေ သေဆုံးနေတာ ၃ ရက်ခန့်ရှိပြီလို့ မှုခင်းဆေးတပ်ဖွဲ့ဝင်က ခန့်မှန်းပါတယ်။

အိမ်ထောင်ဦးစီးမှာလည်း ပျောက်ဆုံးနေတာကြောင့် လိုက်လံရှာဖွေရာမှာ အဲဒီညနေမှာပဲ အိမ်နဲ့ အတန်ကွာဝေးတဲ့ ရာဘာခြံထဲမှာ လည်ပင်းပြတ်လုနီးပါး ခုတ်ခံထားရတဲ့ဒဏ်ရာနဲ့ တွေ့ရှိတယ်။ ရာဘာပင်တပင်အောက်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေပြီး အနီးမှာတော့ ရာဘာပင်ဖြတ်လွှတစင်းပါ တွေ့ရှိတယ်လို့ ဆိုပါတယ်။

လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေ ပြောပြချက်အရ ဒီမတိုင်ခင်ရှေ့က အိုက်ခေါဝ်ဟာ ရာဘာခြံမှာ အလုပ်အတူလုပ်ဖို့ မြန်မာသူငယ်ချင်း ၂ ယောက် ခေါ်လာခဲ့တယ်၊ သူတို့အိမ်နားမှာပဲ လာတည်းတယ်၊ မိသားစုဝင်တွေရဲ့ အလောင်းတွေ့တဲ့နေ့မှာတော့ အဆိုပါ မြန်မာလုပ်သား ၂ ယောက်ကို မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

အိုက်ခေါဝ်ဟာ သူငယ်ချင်း ၂ ယောက်ကို အလုပ်ခိုင်းပြီး လုပ်အားခမပေးချင်တာကြောင့် ခုလို အသတ်ခံရတာ ဖြစ်နိုင်ကြောင်း၊ ဒီမတိုင်ခင်ရှေ့က ခင်ဝင်းလှိုင်နဲ့ အဆိုပါအလုပ်သမား ၂ ယောက် အကြီးအကျယ် စကားများခဲ့သေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကျူးလွန်သူ ၂ ယောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာပြည်ဘက် ထွက်ပြေးသွားပြီလို့ ရဲတွေက ယူဆနေကြပါတယ်။

သေဆုံးသူနဲ့ ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်မြို့နယ်ကလာပြီး ထိုင်းမှာ အလုပ်လုပ်နေတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား -  KhaoSod / Thairath / Amarin TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013