DVB Logo
Home
အားကစား
အာဆင်နယ်ဆီပြောင်းရွှေ့ခဲ့မှု နည်းပြအာတီတာက အဓိကကျဟု  ရိုက်စ် ပြော
DVB
·
July 16, 2023
အာဆင်နယ်ဆီပြောင်းရွှေ့ခဲ့မှု နည်းပြအာတီတာက အဓိကကျဟု  ရိုက်စ် ပြော
1 / 8
Donate to DVB

အာဆင်နယ်အသင်းဆီပြောင်းရွှေ့ခဲ့ရတာဟာ  နည်းပြအာတီတာက အဓိကအချက်ဖြစ်ကြောင်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ဒက်ကလန်ရိုက်စ်ကို ဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ရာမှာ နည်းပြအာတီတာက အဓိကအချက်ဖြစ်ပြီး အာတေတာရဲ့ လုပ်ငန်းစဉ်တွေအပေါ် အပြည့်အဝယုံကြည်သလို ကစားသမားဘဝ နောက်တဆင့်ရောက်အောင် ပို့ဆောင်ပေးနိုင်သူလို့လည်း ယုံကြည်ကြောင်း ဒက်ကလန်ရိုက်စ်က ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတွေကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေရယူနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ရိုက်စ်က ပြောပါတယ်။

အသက် ၂၄ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် စုစုပေါင်း ၂၄၅ ပွဲကစားခဲ့ပြီး အင်္ဂလန်အတွက်လည်း ၄၃ ပွဲ ကစားခဲ့ပြီးဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013