Home
အားကစား
Nike ဘောလုံးအစား  Puma ဘောလုံးအသုံးပြုရန် ပရီးမီးယားလိဂ်စီစဉ်
DVB
·
July 15, 2023

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ လာမယ့်၂၀၂၅ ခုနှစ်မှာ Nike ကုမ္ပဏီကထုတ်လုပ်ပေးတဲ့ ဘောလုံးကို အသုံးပြု တော့မှာမဟုတ်ဘဲ Puma ကုမ္ပဏီထုတ်ဘောလုံးကိုစတင်အသုံးပြုတော့မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး Nike အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ Geo Merlin အမည်ရှိဘောလုံးကို အသုံးပြုခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ၆ နှစ်စာချုပ် ထပ်မံသက်တမ်းတိုးခဲ့တာပါ။

၂၀၂၅ ခုနှစ်မှာ Nike နဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်အနေနဲ့ Puma နဲ့  အကျိုးအမြတ်ပိုများမဲ့ စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။

Puma ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ  အီတလီစီးရီးအေနဲ့ စပိန်လာလီဂါပြိုင်ပွဲတွေမှာလည်း ပွဲကစားမယ့်ဘောလုံးတွေကို စတင်ပံ့ပိုးကူညီခဲ့ပါတယ်။

Nike အနေနဲ့ ပရီးမီးယာလိဂ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အခွင့်အရေးရှိပေမဲ့ တခြားကိစ္စတွေမှာ အဆင်မပြေခဲ့တာကြောင့် နောက်ဆုတ်ခဲ့တာဖြစ်ကြောင်း The Athletic သတင်းမှာဖော်ပြခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024