DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယမြစ်ရေဖောက်ချမှုကြောင့် ပါကစ္စတန်ဒေသခံ ၁,၀၀၀ ကျော် ရွှေ့ပြောင်းရ
DVB
·
July 13, 2023
အိန္ဒိယမြစ်ရေဖောက်ချမှုကြောင့် ပါကစ္စတန်ဒေသခံ ၁,၀၀၀ ကျော် ရွှေ့ပြောင်းရ
Donate to DVB

အိန္ဒိယနိုင်ငံဟာ၊ ဆပ်ထ်လေ့ဂျ်မြစ်ထဲကို ရေတွေဖောက်ချခဲ့ပြီးနောက် ဒေသအာဏာပိုင်တွေက နယ်စပ်တလျှောက် ရေကြီးရေလျှံမှုတွေ ဖြစ်စေနိုင်တဲ့ သတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ ဆပ်ထ်လေ့ဂျ်မြစ်တလျှောက် ကျေးရွာတွေမှာ နေထိုင်ကြသူ ၁,၀၀၀ ကျော်ကို ဇူလိုင် ၁၂ ရက်မှာ သူတို့ရဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တ်သုံရာသီထဲ ရောက်ရှိနေတဲ့ တောင်အာရှနိုင်ငံမှာ ရေလွှမ်းမိုးမှု အန္တရာယ်ကိုလည်း ကြုံနေရတာကြောင့် အိန္ဒိယနိုင်ငံဟာ ဆပ်ထ်လေ့ဂျ်မြစ်ထဲကို ရေကုဗပေပေါင်း ၂၀၉၀၀၀ နီးပါးလောက်ဖောက်ချထုတ်လွှတ်ခဲ့ရပြီး အဲဒီနောက် ပါကစ္စတန်ဘက် ပန်ဂျပ်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (PDMA) ဟာ ကာဆူးရ်ခရိုင်က မြို့တွေ ရွာတွေ ၉ ခုလောက်မှာ မြေနိမ့်ပိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်ကြောင်း ဇူလိုင် ၁၁ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ရွာသူရွာသားတွေဟာ ရေဖုံးလွှမ်းနေတဲ့ လမ်းတွေမှာ သူတို့ရဲ့ ကလေးသူငယ်တွေ၊ ပိုင်ဆိုင်မှုပစ္စည်းပစ္စယတွေ သယ်ဆောင်သွားလာနေရတာဖြစ်ပြီး တချို့ကလည်း ရေကြီးရေလျှံနေတဲ့ နေရာတွေတလျှောက် သူတို့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ဘေးလွတ်ရာ မောင်းနှင် သွားလာနေကြပါတယ်။

ခရိုင်အနှံ့အပြားက ရွှေ့ပြောင်းနေထိုင်မှု အခြေအနေတွေမှာ ရေဘေးသင့်နေအိမ်တွေကနေ ထွက်လာကြရတဲ့ လူပေါင်း ၂,၀၀၀ ကျော်ကို သွားရေးလာရေး ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသတွင်း အရေးပေါ်ဝန်ဆောင်မှုတွေအရ သိရပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြားက အင်န်ဒု ရေစာချုပ်အရ အိန္ဒိယနိုင်ငံဟာ ရာဗီ၊ ဆပ်ထ်လေ့ဂျ် နဲ့ ဘီအာစ်မြစ်တွေရဲ့ ရေပိုင်နက်ကို ပိုင်ဆိုင်ထားပြီး ပါကစ္စတန်ကတော့ အင်န်ဒုစ်၊ ချနဘ်နဲ့ ဂျေးလွမ်းမြစ်တွေရဲ့ ရေပိုင်နက်တွေကို ပိုင်ဆိုင်ထားတာပါ။ မြစ်တွေအားလုံးကတော့ အိန္ဒိယကနေ ပါကစ္စတန်ကို စီးဆင်းတာဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013