DVB Logo
Home
နိုင်ငံတကာ
နေတိုးအဖွဲ့က တကမ္ဘာလုံးကို လွှမ်းမိုးချင်ဟု တရုတ်စွပ်စွဲ
DVB
·
July 13, 2023
နေတိုးအဖွဲ့က တကမ္ဘာလုံးကို လွှမ်းမိုးချင်ဟု တရုတ်စွပ်စွဲ
Donate to DVB

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဟာ သူ့ဩဇာကို အာရှ-ပစိဖိတ် ဒေသအတွင်း ပိုတိုးလာချင်နေတဲ့ ဆန္ဒဟာ နေတိုးရဲ့ တကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြသနေတယ်လို့ တရုတ်မီဒီယာအုပ်စု (CMG) ရဲ့ ဇူလိုင် ၁၂ ရက် Real Point တိုက်ရိုက်ထုတ်လွှင့် ချက်မှာ ဖော်ပြပါတယ်။

နေတိုးဟာ တကမ္ဘာလုံးမှာ ကြီးစိုးလွှမ်းမိုးချင်နေပြီး လက်ကျန်ကမ္ဘာကို အနောက်ဇာတ်သွင်းဖို့ ရည်မှန်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒီလုပ်ရပ်ဟာ ဒေသတွင်း ကျောထောက်နောက်ခံ ကင်းမဲ့နေလို့ ကျဆုံးမှာပဲလို့လည်း ဆိုပါတယ်။

လစ်သူယေးနီးယားနိုင်ငံ ဗီးလ်နီးယပ်စ်မြို့မှာ ဇူလိုင် ၁၁ ရက်က နေတိုးအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေဟာ ၂ ရက်ကြာ ထိပ်သီးညီလာခံကို တက်ရောက်နေကြတာပါ။

ဒီနှစ်ဟာ အာရှ-ပစိဖိတ်ဒေသတွင်း လေးနိုင်ငံဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ခေါင်းဆောင်တွေ နေတိုးထိပ်သီးညီလာခံကို တက်ရောက်တာ ၂ နှစ်ဆက်တိုက် ဒုတိယမြောက်ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် ဇန်နဝါရီလမှာ အဲဒီအချိန်က အမေရိကန်ရဲ့ နေတိုးဆိုင်ရာ သံအမတ်ကြီး ဗစ်တိုးရီးယား နူလန်းက ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး နေတိုးရဲ့ ကမ္ဘာတဝန်း သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ ကြိုးပမ်းတဲ့ “ကမ္ဘာတဝန်းက မိတ်ဘက်တွေ” ဆိုတဲ့ အယူအဆကို တင်ပြခဲ့ပါတယ်။

မနှစ်ကတော့ နေတိုးဟာ လာမယ့် ဆယ်စုနှစ်အတွင်း ထိပ်တန်းလိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို ပုံဖော်ထားတဲ့ 2022 Strategic Concept ကို ထုတ်ပြန်ခဲ့ပြီး ‘အာရှ-ပစိဖိတ် အသွင်ကူးပြောင်းရေး’ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ပြီး တရုတ်နိုင်ငံကိုလည်း စနစ်ကျတဲ့ စိန်ခေါ်မှုတွေကို ဖြစ်စေတဲ့ အမေရိကန်ရဲ့ အကြီးဆုံးပြိုင်ဘက်အဖြစ် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် စွပ်စွဲခဲ့တယ်လို့ CMG က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဂျပန်က အာရှ-ပစိဖိတ်ဒေသမှာ နေတိုးရဲ့တည်ရှိမှုကို မြှင့်တင်ဖို့ နေတိုးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး တဦးချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဂျပန်နိုင်ငံဟာ နေတိုးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်နေပါတယ်။

နေတိုးအပေါ် ဂျပန်ရဲ့ စိတ်အားထက်သန်မှု နောက်ကွယ်က အကြောင်းရင်းဟာ အမေရိကန်ရဲ့ သစ္စာစောင့်သိတဲ့ လက်ကိုင်တုတ်ဖြစ်ချင်ပြီး ဂျပန်နိုင်ငံရေးသမားတွေက အမေရိကန်နဲ့ နေတိုးတို့ရဲ့ အင်အားကို အသုံးချပြီး အာရှစစ်တပ်နဲ့ နိုင်ငံရေးပါဝါအဖြစ် ဂျပန်နိုင်ငံကို ပြန်တည်ဆောက်ဖို့ ကြိုးပမ်းချင်လို့ ဖြစ်တယ်လို့လည်း CMG က ဖော်ပြပါတယ်။

နေတိုးက တိုကျိုမြို့တော်မှာ ဆက်ဆံရေးရုံးကို ၂၀၂၄ ခုနှစ်မှာ ဖွင့်ဖို့ ဆုံးဖြတ်ချက်ကို အခုနှစ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013