DVB Logo
Home
အားကစား
ပရီးမီးယားလိဂ်ကစားသမား ၁ ဦး လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုဖြင့် အရေးယူခံရ
DVB
·
July 13, 2023
ပရီးမီးယားလိဂ်ကစားသမား ၁ ဦး လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုဖြင့် အရေးယူခံရ
Donate to DVB

ပရီးမီးယားလိဂ် ကစားသမားတယောက်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ ဟယ်ရီတော့ဖ်ဖိုလိုကို လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က အရေးယူလိုက်ပါတယ်။

ဟယ်ရီတော့ဖ်ဖိုလိုဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ ၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်အထိ သုံးနှစ်တာကာလအတွင်းမှာ အက်ဖ်အေရဲ့ လောင်းကစားဆိုင်ရာစည်းမျဉ်း E1(b) ကို ၃၇၅ ကြိမ်အထိ ချိုးဖောက်ခဲ့ကြောင်း အင်္ဂလန် အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်္ဂလန် ဘယ်နောက်ခံလူ တော့ဖ်ဖိုလိုအနေနဲ့ လာမယ့် ဇူလိုင် ၁၉ ရက် မတိုင်ခင် ဖြေရှင်းချက် ပေးရမှာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ ရှိပါတယ်။

အသက် ၂၇ နှစ်ရှိ ဘယ်နောက်ခံလူဟာ ၂၀၂၂ ခုနှစ်ကမှ နော်တင်ဟမ်အသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး အရင်က နောဝှစ်ချ်၊ မီလ်ဝေါလ်၊ လင်ကွန်းစီးတီးနဲ့ ဟက်ဒါဖီးလ် အသင်းတွေမှာ ကစားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို အလားတူချိုးဖောက်မှုနဲ့ အရေးယူခဲ့ပြီး နောက်ထပ် ပရီးမီးယားလိဂ် ကစားသမားတယောက် ထပ်မံအရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013