DVB Logo
Home
အားကစား
အိုဆင်ဟမ်ကို ခေါ်ယူရန် တတ်နိုင်သည့်အသင်း  ၁ သင်းသာရှိဟု နာပိုလီအသင်းဥက္ကဋ္ဌပြော
DVB
·
July 12, 2023
အိုဆင်ဟမ်ကို ခေါ်ယူရန် တတ်နိုင်သည့်အသင်း  ၁ သင်းသာရှိဟု နာပိုလီအသင်းဥက္ကဋ္ဌပြော
Donate to DVB

တိုက်စစ်မှူး အိုဆင်ဟမ်ကို ခေါ်ယူဖို့ ကလပ်အသင်းတစ်သင်းကသာ တတ်နိုင်ကြောင်း နာပိုလီအသင်းဥက္ကဋ္ဌ အော်ရယ်လီယိုဒီလော်ရန်တစ်က ပြောပါတယ်။

နိုင်ဂျီးရီးယား တိုက်စစ်မှူးကို ခေါ်ယူဖို့ မန်ယူ၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပထိပ်တန်းအသင်းတွေက ဆန္ဒရှိနေကြတာပါ။

ကနဦးပိုင်းက အိုဆင်ဟမ်အတွက် ယူရိုသန်း ၁၅၀ သတ်မှတ်ထားပေမဲ့ လက်ရှိအချိန်မှာတော့ ယူရိုသန်း ၂၀၀ လောက်အထိ နာပိုလီအသင်းက အလိုရှိနေတာဖြစ်ပါတယ်။

နာပိုလီဥက္ကဋ္ဌက “အိုဆင်ဟမ်ကို ခေါ်ယူနိုင်မယ့်အသင်းက တသင်းပဲ ရှိပါတယ်။ အဲဒီအသင်းက ပီအက်စ်ဂျီအသင်း ဖြစ်တယ်။ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ အနေနဲ့ ယူရိုသန်း ၂၀၀ လောက် ပေးမယ်ဆိုရင်တော့ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ ကျနော့်အမြင်အရကတော့ ဗစ်တာအိုဆင်ဟမ်အနေနဲ့ အသင်းမှာပဲ ဆက်ရှိပါလိမ့်မယ်”လို့ ပြောပါတယ်။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူး အိုဆင်ဟမ်ဟာ မနှစ်က အသင်းနဲ့ပြိုင်ပွဲစုံမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013