ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး မာနေးအတွက် ပေါင် ၁၇ သန်းပေးချေမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။
ဘိုင်ယန်အသင်းဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် အပြောင်းအရွှေ့ ဘတ်ဂျက်ပိုမိုရရှိဖို့ အလိုရှိနေတာပါ။
အဲဒီအတွက် မာနေး အပါအဝင် ကစားသမား ၇ ဦးလောက်အထိ ရောင်းထုတ်သွားဖို့ စီစဉ်ထားတာပါ။
ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ လီဗာပူးကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ၂၅ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းခဲ့ပါတယ်။
မာနေးဟာ တောင်ပံတိုက်စစ်မှူး ဆာနေးနဲ့လည်း ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဘိုင်ယန်ဘက်က စိတ်ပျက်နေပြီး လီဗာပူးကနေ ခေါ်ယူစဉ်က ပေးချေရတဲ့တန်ကြေးရဲ့ တစ်ဝက်လောက်ရရင်ပဲ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာပါ။
မာနေး အပါအဝင် ဆာဘစ်ဇာ၊ ပါဗက်ဒ်၊ ဂရာဗန်ဘက်ချ်၊ ဘရူနိုဆား၊ ဂိုးသမားနူဘယ်နဲ့ ရမ်းဆွမ်းမားတို့ကိုလည်း ရောင်းချသွားဖို့ ဘိုင်ယန်အသင်းက ပြင်ဆင်နေပါတယ်။