DVB Logo
Home
နိုင်ငံတကာ
Move Forward ပါတီခေါင်းဆောင်ကို ထောက်ခံသူများ ဘန်ကောက်တွင် စုဝေး
DVB
·
July 10, 2023
Move Forward ပါတီခေါင်းဆောင်ကို ထောက်ခံသူများ ဘန်ကောက်တွင် စုဝေး
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်း ဖိထား လိုမ့်ကျရွန်းရတ်ကို ထောက်ခံသူ ရာပေါင်းများစွာဟာ လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ်အတွက် လွှတ်တော် မဲခွဲပွဲမတိုင်မီ ဇူလိုင် ၉ ရက်က ဘန်ကောက်မြို့တော်မှာ စုဝေးခဲ့ကြပါတယ်။

ထိုင်းစစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရကို ထိုင်းပြည်သူတွေက ကိုးနှစ်နီးပါးကြာ ငြင်းပယ်ခဲ့အပြီး မေလ ရွေးကောက်ပွဲမှာ Move Forward ပါတီခေါင်းဆောင် ဖိထားဟာ အံ့မခန်း အောင်ပွဲရခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ်ရာထူးကို ရဖို့ မသေချာ မရေရာတဲ့ လမ်းကြောင်းကို ရင်ဆိုင်နေရပါတယ်။

ဇူလိုင် ၁၃ ရက်မှာ ကျင်းပမယ့် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို အစားထိုးဖို့ ရွေးကောက်ခံမဟုတ်တဲ့ အထက်လွှတ်တော်အမတ်တွေ ဆီက ထောက်ခံမှုရဖို့ လိုအပ်နေပါတယ်။

ဖိထားရဲ့ ရှစ်ပါတီ မဟာမိတ်အဖွဲ့ဟာ လွှတ်တော်အတွင်း အမတ်နေရာ ၃၁၂ နေရာရှိပေမဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ အပါအဝင် လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ပူးတွဲအထိုင်မှာ ထောက်ခံမဲ အနည်းဆုံး ၃၇၆ မဲ လိုအပ်နေပါတယ်။

ဖိထားကတော့ အထက်လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးနေပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်မဲ မပေးသင့်ဘူးလို့ ပြောခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013