DVB Logo
Home
နိုင်ငံတကာ
ဂျော်ဂျီယာနိုင်ငံက လိင်တူချစ်သူများ၏ပွဲကို ဆန့်ကျင်သူ  ၂,၀၀၀ ခန့် ဝင်ရောက် ဖျက်ဆီး
DVB
·
July 9, 2023
ဂျော်ဂျီယာနိုင်ငံက လိင်တူချစ်သူများ၏ပွဲကို ဆန့်ကျင်သူ  ၂,၀၀၀ ခန့် ဝင်ရောက် ဖျက်ဆီး
Donate to DVB

ဂျော်ဂျီယာနိုင်ငံ တက်ဘလီစီ(Tbilisi) မြို့တော်မှာ ဇူလိုင် ၈ ရက်က ကျင်းပခဲ့တဲ့ လိင်တူချစ်သူ တွေရဲ့ Pride ပွဲတော်အတွင်း LGBT ဆန့်ကျင်ရေး ဆန္ဒပြသူ ၂၀၀၀ လောက်က ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဒီပွဲတော်မှာ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ပေမယ့်လည်း ဆန္ဒပြသူတွေဟာ သက်တန့်ရောင် အလံတွေနဲ့ စာတန်းတွေအပါအဝင် ဒေါက်တိုင်တွေကိုပါ ဖျက်ဆီးပစ်ခဲ့ပြီး ရဲတပ်ဖွဲနဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ 

ဒီပွဲတော်ကို ဝင်ရောက်နှောင့်ယှက်နိုင်ဖို့အတွက် အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက စွပ်စွဲထားပါတယ်။

ဒါပေမယ့်လည်း အစိုးရဝန်ကြီးတယောက်ကတော့ ဒီပွဲတော်ဟာ ရေကန်အနီးက ဟင်းလင်းပြင်နေရာမှာ ကျင်းပခဲ့တာဖြစ်တာကြောင့် ရဲတပ်ဖွဲ့အတွက် ခက်ခဲမှုရှိတယ်လို့ မှတ်ချက်ပေးပါတယ်။ 

ဒီပွဲတော်မှာ ပါဝင်တက်ရောက်လာသူ အားလုံးကို ဘတ်စ်ကားနဲ့ဘေးလွတ်ရာဆီ ပို့ဆောင် ပေးခဲ့တယ်ဆိုပြီး Tbilisi Pride အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူက ရိုက်တာသတင်းဌာနကို အတည်ပြုပါတယ်။ 

ဒါပေမယ့်လည်း ဒါရိုက်တာဘက်က အာဏာပိုင်တွေရဲ့ ထိန်းသိမ်းကြပ်မတ်မှုအပေါ် ဝေဖန်ခဲ့တဲ့ အပြင် ဒီလိုမျိုး အကြမ်းဖက်ဆန္ဒပြမှုတွေရဲ့ အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် ၂ နှစ် ဆက်တိုက် သီးသန့်ကျင်းပခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Pride ပွဲတော်မတိုင်ခင်နေ့ရက်တွေမှာ လက်ယာစွန်း အုပ်စုတွေက LGBT တက်ကြွလှုပ်ရှားသူတွေ အပေါ် အကြမ်းဖက်ဖို့အတွက် လူသိရှင်ကြား လှုံ့ဆော်ခဲ့တယ်လို့ မာရီယမ် ကဗာရတ်ခီးလီးယား (Mariam Kvaratskhelia)က ပြောကြားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနဲ့ ရဲတပ်ဖွဲ့တို့ကလည်း စုံစမ်းစစ်ဆေးပေးဖို့ ငြင်းဆန် ခဲ့တယ်လို့ ဆိုပါတယ်။ 

ဂျော်ဂျီယာအစိုးရအပေါ် မကြာခဏဝေဖန်လေ့ရှိတဲ့ သမ္မတ ဆယ်လွန်မ် ဇိုရာဘစ်ချ်ဗီလီ (Salome Zourabichvili) ကတော့ ရဲတပ်ဖွဲ့အပေါ် ထပ်ဆင့်အပြစ်တင်ခဲ့သလို ပြည်သူတွေရဲ့ လွတ်လပ် လုံခြုံစွာ စုဝေးခွင့်အပေါ် အားပေးထောက်ခံရမယ့်တာဝန်ကို ပျက်ကွက်ခဲ့တယ်ဆိုပြီး သူ့အမြင်ကို ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013