DVB Logo
Home
အားကစား
မန်ယူဂန္တဝင်ဂိုးသမားဗန်ဒါဆား ဦးနှောက်သွေးယိုစိမ့်၍ ဆေးရုံသို့ ရဟတ်ယာဥ်နှင့် အရေးပေါ်ပို့ဆောင်ရ
DVB
·
July 8, 2023
မန်ယူဂန္တဝင်ဂိုးသမားဗန်ဒါဆား ဦးနှောက်သွေးယိုစိမ့်၍ ဆေးရုံသို့ ရဟတ်ယာဥ်နှင့် အရေးပေါ်ပို့ဆောင်ရ
Donate to DVB

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမား ဗန်ဒါဆားဟာ  ဦးနှောက်သွေးယိုစိမ့်လို့ ဆေးရုံကို ရဟတ်ယာဥ်နဲ့အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ တယ်လီဂရပ်မီဒီယာမှာ ဖော်ပြထားပါတယ်။

ဗန်ဒါဆားဟာ ခရိုးအေးရှားကျွန်းမှာ အားလပ်ရက်အပန်းဖြေနေတုန်း ဇူလိုင်၇ ရက်နေ့မှာ ဦးနှောက်တဝိုက် သွေးယိုစိမ့်မှုဖြစ်ပေါ်ခဲ့တာပါ။

ဗန်ဒါဆားရဲ့အသင်းဟောင်း အေဂျက်အသင်းကလည်း "သောကြာနေ့က အက်ဝင်ဟာ ဦးနှောက်တဝိုက် သွေးယိုစိမ့်မှုဖြစ်ခဲ့ပါတယ်။ လောလောဆယ်ဆယ် အထူးကြပ်မတ်ကုသဆောင်မှာကုသနေပြီး အခြေအနေတည်ငြိမ်နေပါတယ်၊ အေဂျက်ကရှိတဲ့သူတိုင်း အက်ဝင် အမြန်ပြန်ကောင်းပါစေလို့ဆုတောင်းပေးနေပါတယ်" လို့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

အေဂျက်အသင်းနဲ့မန်ချက်စတာယူနိုက်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားတွေဆွတ်ခူးခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် အက်ဝင်ဗန်ဒါဆားဟာ လွန်ခဲ့တဲ့တလကျော်မှ အေဂျက်အသင်းရဲ့​စီအီးအိုရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း "အသင်းရဲ့ဂန္တဝင်ဂိုးသမားကြီး နာမကျန်းဖြစ်နေတဲ့ကြားရတဲ့အတွက် မိသားစုနဲ့အသင်းက အတူရှိနေပါတယ်။ ငါတို့ အချစ်တွေနဲ့ ချစ်ခြင်းတွေ မင်းဆီကအများကြီးလိုအပ်သေးပါတယ်" လို့ ဇူလိုင် ၇ ရက်နေ့ ညနေခင်းမှာထုတ်ပြန်ခဲ့ပါတယ်။

ဗန်ဒါဆားဟာ ဆာအဲလက်စ်ဖာဂူဆန်ခေါ်ယူမှုနဲ့ ၂၀၀၅ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၂၆၆ ပွဲ ကစားခဲ့ကာ ပရီးမီးယားလိဒ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဒ် ၁ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်တို့ ဆွတ်ခူးခဲ့ပါတယ်။

Source. GOAL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013