DVB Logo
Home
နိုင်ငံတကာ
နယူးယောက်တွင် ခရီးသည်တင်ဘတ်စ်ကားအချင်းချင်း တိုက်မိ
DVB
·
July 8, 2023
နယူးယောက်တွင် ခရီးသည်တင်ဘတ်စ်ကားအချင်းချင်း တိုက်မိ
Donate to DVB

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ ဇူလိုင် ၆ ရက် ညနေပိုင်းက နယူးယောက်စီးတီး ခရီးသည်တင် ဘတ်စ်ကားနဲ့ ၂ ထပ် ခရီးသည်တင် ဘတ်စ်ကား တစီး တိုက်မိခဲ့ပြီး ဒဏ်ရာတွေနဲ့ လူ ၁၈ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ မြို့နယ်မီးသတ်ဌာနဆီက သိရပါတယ်။ 

မန်ဟက်တန်ရပ်ကွက် အရှေ့ဘက်ခြမ်းရှိ First Avenue နဲ့ ၂၃ လမ်းမှာ ည ၇ နာရီလောက်က မြို့တော်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကဆောင်ရွက်တဲ့ ဘတ်စ်ကားနောက်ခန်းနဲ့ တိုက်မိခဲ့လို့ အထပ် ၂ ထပ်ပါ TopView ခရီးသွားဘတ်စ်ကားရဲ့ ရှေ့ပြတင်းပေါက်တွေ ကွဲအက်သွားပါတယ်။ 

ဘတ်စ်ကား ၂ စီးလုံး လူပြည့်ကျပ်နေပြီး တခြားလူ ၆၃ ယောက် ကို အခင်းဖြစ်ပွားရာ နေရာမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက စစ်ဆေးကြည့်ရှုပေးနေကြောင်း နယူးယောက် မီးသတ်ဌာနအရာရှိတွေက သတင်းထောက်တွေကို ရှင်းလင်းပြောကြားပါတယ်။ 

ဒဏ်ရာအများစုကတော့ ပြတ်ရှဒဏ်ရာတွေ၊ ခြစ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေဖြစ်တယ်လို့ဆိုပြီး တချို့သူတွေကလည်း အရိုးကျိုးသွားတယ်လို့ သံသယရှိတာကြောင့် ဦးခေါင်းနဲ့လည်ပင်း ဒဏ်ရာတွေကို ကုသပေးထားကြောင်း သိရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013