DVB Logo
Home
နိုင်ငံတကာ
နျူကလီးယားစက်ရုံမှ ရေဆိုးများဖောက်ချမှုကြောင့် ဂျပန်အစားအစာများကို တရုတ်ပိတ်ပင်
DVB
·
July 8, 2023
နျူကလီးယားစက်ရုံမှ ရေဆိုးများဖောက်ချမှုကြောင့် ဂျပန်အစားအစာများကို တရုတ်ပိတ်ပင်
Donate to DVB

ပစိဖိတ်သမုဒ္ဒရာထဲကို နျူကလီးယားစက်ရုံက ညစ်ညမ်းရေတွေထုတ်လွှတ်တာနဲ့ပတ်သက်ပြီး ဂျပန်စီရင်စု ၁၀ ခုက အစားအစာတင်သွင်းတာကို တရုတ်က တားမြစ်ပိတ်ပင်သွားမယ်လို့ တရုတ်အကောက်ခွန်ဌာနက ဇူလိုင် ၇ ရက်နေ့မှာပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ပင်လယ်စာတင်ပို့မှုထဲကအများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ အစားအစာများအထူးသဖြင့်ရေထွက်ပစ္စည်းများကို  တင်းတင်းကျပ်ကျပ်ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ဖူကူရှီးမားအပါအဝင် စီရင်စု ၁၀ခုက အစားအစာများကိုတားမြစ်ရာမှာ ဂျပန်နိုင်ငံမှတင်သွင်းသော အစားအစာတွေ ဘေးကင်းတာသေချာစေဖို့အတွက် ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ထောက်လှမ်းတာနဲ့ စောင့်ကြည့်တာတို့ကို ပိုပြီးလုပ်သွားမယ်လို့ အကောက်ခွန်ဌာနက ပြောပါတယ်။

အဲဒီလှုပ်ရှားမှုဟာ တရုတ်နိုင်ငံကို ရေဒီယိုသတ္တိကြွညစ်ညမ်းနေတဲ့ ဂျပန်အစားအစာတွေ တင်ပို့တာကနေ တားဆီးဖို့နဲ့ တရုတ်စားသုံးသူတွေရဲ့ ဘေးကင်မှုကို ကာကွယ်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံကပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ပျက်စီးနေတဲ့ နျူကလီးယားစက်ရုံက ရေဒီယိုသတ္တိကြွရေတွေ ပင်လယ်ထဲစွန့်ပစ်တဲ့ ဂျပန်ရဲ့လုပ်ရပ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်များစွာကတည်းက ပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဆူနာမီကြောင့်ပျက်စီးသွားတဲ့ ဖူကူရှီးမားရှိ စက်ရုံရဲ့ လောင်စာချောင်းတွေကို အအေးခံဖို့အသုံးပြုတဲ့ ရေတန်ချိန်တသန်းကျော်ကို စတင်ထုတ်လွှတ်ဖို့ ဂျပန်နိုင်ငံကို ကုလသမဂ္ဂအနုမြူစွမ်းအင်စောင့်ကြည့်ရေးကော်မရှင်က ခွင့်ပြုခဲ့ပါတယ်။

Source. Nikkei Asia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013