DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား CDM မီးရထားဝန်ထမ်းနေအိမ် ၂၄၀ ကျော်ကို စစ်ကောင်စီ အဓမ္မဖယ်ရှား
DVB
·
July 8, 2023
မြစ်ကြီးနား CDM မီးရထားဝန်ထမ်းနေအိမ် ၂၄၀ ကျော်ကို စစ်ကောင်စီ အဓမ္မဖယ်ရှား
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားဝင်းအတွင်းမှာ နေထိုင်တဲ့ CDM ဝန်ထမ်း နေအိမ်တွေ အပါအဝင် နေအိမ် ၂၄၀ ကျော် ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံဝန်ထမ်းတွေထံက သိရပါတယ်။

မီးရထားဝင်းအတွင်းက CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းနေအိမ်တွေနဲ့ အငြိမ်းစား ပင်စင်စားနေအိမ်တွေ၊ မီးရထားဝန်ထမ်းမဟုတ်ဘဲ လာရောက်နေထိုင်တဲ့ နေအိမ်တွေကို ဇွန် ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ ကြေညာစာထုတ်ပြီးနောက်ပိုင်း နေအိမ် အလုံး ၂၄၀ ကျော်ကို နှင်ထုတ် ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပါတယ်။

မီးရထားဝန်ထမ်းတဦးက “စုစုပေါင်း နေအိမ် ၂၄၉ လုံး ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်။ စစ်ကောင်စီတပ်က ဖိအားပေး ကြေညာချက်ထုတ်ထားတော့ အတော်များများက ကိုယ့်ဘာသာကိုယ်ပဲ ရွှေ့ပြောင်း နေထိုင်ကြရတယ်” လို့ ပြောပါတယ်။

မြန်မာ့မီးရထားပိုင် မြေကွက်အတွင်းရှိ ကျူးကျော်အိမ်တွေကို ဖယ်ရှာပေးဖို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ နို့တစ်စာတွေ ဖြန့်ဝေပြီး ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့မှာ နောက်ဆုံးအကြိမ် နို့တစ်စာ ဖြန့်ဝေပေးထားချက်နဲ့အညီ ဇွန် ၁၅ ရက်မှာ မဖယ်ရှားပါက ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ အက်ဥပဒေနဲ့ ဖယ်ရှားနှင်ထုတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။

မီးရထားဝန်ထမ်းတွေရဲ့ နေအိမ်တွေဖယ်ရှားခံရပြီးနောကင်  NON CDM ဝန်ထမ်းတွေက မြစ်ကြီးနား-မိုးကောင်း မီးရထား ပြန်လည်ပြေးဆွဲဖို့ သံလမ်းပြုပြင်တာ၊ ခြုံနွယ်ရှင်းလင်းတာတွေ ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013