DVB Logo
Home
နိုင်ငံတကာ
အာဖရိကရှိ လူ ၂ သန်းကျော် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ
DVB
·
July 7, 2023
အာဖရိကရှိ လူ ၂ သန်းကျော် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ
Donate to DVB

အာဖရိကအရှေ့ပိုင်းရှိ လူ ၂ ဒသမ ၂ သန်းကျော်ဟာ ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အေဂျင်စီက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

ဆိုမာလီယာမှာ ရေကြီးမှုကြောင့် လူပေါင်း ၄၆၈,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၄၇,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှုးရုံး (OCHA) က ပြောပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ရေကြီးရေလျှံမှု၊ ရေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး (WASH)၊ အခြေခံအဆောက်အအုံ၊ အဆောက်အဦ ပျက်စီးမှုတွေနဲ့ အကြီးစား နေရာရွှေ့ပြောင်းမှုတွေဟာ ရေကြောင့်ဖြစ်တဲ့ရောဂါတွေ ပိုများလာနိုင်ပါတယ်။

တောင်ဆူဒန်မှာ ၂၀၂၂ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁ သန်းကျော် ထိခိုက်ခဲ့ပြီး အများစုမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် အရေးပေါ်လိုအပ်ချက်တွေကို ရင်ဆိုင်နေရပါတယ်။

အီသီယိုးပီးယားမှာလည်း ရေလွှမ်းမိုးမှုဒဏ်ခံရပြီး လူပေါင်း ၃၅၅,၀၀၀ ကျော် ဒုက္ခရောက်ခဲ့ပြီး ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် ရဝမ်ဒါမှာ လူ ၆၀,၀၀၀၊ ဘူရွန်ဒီမှာ ၁၈၀,၀၀၀ နဲ့ ကင်ညာမှာ ၁၆၃,၀၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရအချင်းချင်း ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ (IGAD) က အယ်လ်နီညိုနဲ့ အပြုသဘောဆောင်တဲ့ IOD ပေါင်းစပ်မှုရှိနိုင်ပြီး အာဖရိကအရှေ့ပိုင်းမှာ စိုစွတ်မှု အခြေအနေတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အာဖရိကအရှေ့ပိုင်းမှာ ၂၀၁၉ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၃ ဒသမ ၄ သန်း ထိခိုက်ခဲ့ပြီး သဲကန္တာရကျိုင်းကောင်တွေ ပျံ့နှံ့မှု ဖြစ်ပွားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Source - Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013