

မန်ယူအသင်းဟာ လုပ်ခလစာကြီးမြင့်တဲ့ နောက်ခံလူ မက်ဂွဲယားကိုရောင်းချဖို့ အခက်တွေ့နေ တယ်လို့သိရပါတယ်။
မက်ဂွဲယားဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ၈ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး နည်းပြ တန်ဟတ်ဂ်ရဲ့ ဦးစားပေးနောက်ခံလူတွေထဲမှာ မပါဝင်ခဲ့သူပါ။
မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင် ပွဲဝင်ခွင့်ရရှိခဲ့လို့ မက်ဂွဲယားအပါအဝင် ကစားသမားတွေရဲ့ လုပ်ခလစာဟာလည်း အရင်နှစ်ကထက် ပိုမိုတိုးတက်လာတယ်လို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။
အင်္ဂလန်နောက်ခံလူဟာ အခြေခံတစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းလောက်ရရှိနေပြီး တစ်နှစ်ကို ပေါင် ၁၀ သန်းကျော်ရရှိနေတာပါ။
မက်ဂွဲယားအနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့လို့ လုပ်ခလစာတိုး မြှင့်ရရှိမှာဖြစ်ပြီး အဲဒီအချက်က ရောင်းချဖို့ အခက်တွေ့စေတယ်လို့သိရပါတယ်။
မက်ဂွဲယားကို စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ မက်ဂွဲယား လက်ရှိရရှိနေတဲ့လုပ်ခလစာ အတိုင်းပေးချေနိုင်ဖို့တော့ မရှိဘူးလို့သိရပါတယ်။










